231+232

476 68 0
                                    

အပိုင်း(၂၃၁)   ရှူမျိုးနွယ် နတ်ဘုရားလက်ဝါး

     "မင်း"
     ဒီစကားတွေကြားတာနဲ့ ဟွာမြို့တော်ကစာမေးပွဲဝင်ဖြေမဲ့သူတွေက ဒေါပွကာဒီကော့င်ကိုဆွဲထုတ်ပြီး အပိုင်းပိုင်းဖြစ်အောင် ခုတ်ပိုင်းချင်နေစိတ်ပေါက်သွားပါတယ်

   သူတို့တွေကရန်ကျိုးပြည်နယ်ဟွာမြို့တော်ကပါရမီရှင်တွေဖြစ်တာကြောင့် မွေးရပါ သူများထက်သာပြီး တခြားမြို့တွေကို ကျေးလက်ဒေသလို့သက်မှတ်ကာ တခြားမြို့ကစာမေးပွဲလာဖြေသူတွေကိုလည်းသူ့ကိုကိုမျက်နှာချိုသွေးတဲ့ နွားချေးပိုးတွေလို့သာမြင်ပါတယ်

    အဲ့လိုတခြားကျောင်းသားတွေရဲ့မျက်နှာချိုသွေးတာတွေခံပြီး စားသောက်ပွဲမှာလူအာရုံစိုက်ခံရတဲ့ခံစားချက်ကိုသူတို့တွေ နှစ်သက်ပါတယ်

     အခုတော့ဒီမျိုးမစစ်ကသူတို့ကို ခနဲ့ကာ ဒီနေရာမှာပေါက်ကရတွေပြောဆိုရဲတာကြောင့် သူတို့တွေမျက်နှာပျက်နေရပါတယ်

     ဒါပေမယ့်လည်း ရှပင်ရဲ့ခနတုန်းကသိုင်းကွက်က တကယ့်ကိုကြောက်စရာကောင်းပါတယ် ဟိန်းသံတစ်ချက်နဲ့တင် အသံလှိုင်းတွေမြင့်တက်လာကာ သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၂ သုံးယောက်ကို အတူတကွဒဏ် ရာအပြင်းအထန်ရသွားအောင် လုပ်နိုင်ပါတယ်

   ဒီဟိန်းသံကြောင့်မြေပြင်တောင် ပျက်စီးပြီး အခုလျိုပုံစံဖွဈသှားပါတယျ

     ဒီကောင့်ရဲ့တိုက်ပွဲစွမ်းရည်က အလွန်အမင်းကြောက်စရာကောင်းတာကြောင့် သူတို့တွေမကျေနပ်ရင်တောင် ဘာမှဆက်မပြောရဲကြပါဘူး

    "ဟျောင်"
    ရှူယန်းကဆက်မကြည့်နိုင်တော့ဘဲ ခြေတစ်လှမ်းတိုးကာ ကိုယ်ကနေကြောက်စရာကောင်းတဲ့အရှိန်အဝါတွေထွက်လာပြီး ရှပင်ကိုစိုက်ကြည့်လိုက်ကာ "မင်းကအရမ်းအရမ်းကို မောက်မာတာဘဲ ငါတို့ဟွာမြို့တော်ကစာမေးပွဲဖြေမဲ့သူတွေကို ဘယ်သူမှမရှိသလိုမျိုး ဒဏ်ရာရအောင်လုပ်ရဲတယ်"

    "ဒါပေမယ့်ငါရှူရန်းအရှေ့မှာသောင်းကြန်းဖို့ဆိုရင် မင်းအဆင့်မမှီသေးဘူး သိလား" သူကဒေါသနဲ့အော်ဟစ်ပြီး ချက်ချင်းလှုပ်ရှားလိုက်တယ်

God level demon(201-ongoing)Where stories live. Discover now