431+432+433+434+435+436+437+438+439+440

423 53 3
                                    

အပိုင်း(၄၃၁)   ကောင်းကင်ရဲ့အမျက်ဒေါသ

    ဘန်း!
   ရှပင်မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး ခန္ဓာကိုယ်မျက်နှာပြင်ကချီစွမ်းအင်တွေတုန်ခါကာ သူ့ဘေးပတ်ပတ်လည်မှာထုပ်ပိုးထားတဲ့ဥခွံတွေ အက်ကြောင်းတွေပေါ်လာပေါက်ထွက်သွားပြီး မြေပြင်နဲ့ဆောင့်ကာ တွင်းပေါက်ကြီးတွေဖြစ်သွားပါတယ်

    "ပေါင်းစည်းမှုအောင်မြင်သွာတာလား?" သူ့ခန္ဓာကိုယ်အော်ရာနဲ့ ခွန်အားတွေက ကောင်းကင်နဲ့မြေပြင်ကိုပြောင်းပြန်လှန်အောင် ပြောင်းလဲသွားတာကို ရှပင်ခံစားမိနေပါတယ် အရင်ကထက်အနည်းဆုံး ၅ဆ၆ဆလောက် ခန္ဓာကိုယ်ခွန်အားကြီးလာပြီး ကြွက်သားသိပ်သည်းဆကလည်း ဆယ်ဆဆလာက်ပိုသန်မာလာပါတယ် သာမန်ဓားတွေ ဘလိတ်ဓားတွေနဲ့ သူ့ခန္ဓာကိုယ်ကိုခုတ်ရင် ဒဏ်ရာအများကြီးရအောင်လုပ်နိုင်မှာမဟုတ်ပါဘူး

   ဒါကဗာဂျရာ(ဖျက်ဆီးမရတဲ့ဗုဒ္ဓခန္ဓာကိုယ်) ရဲ့စံနာမူနာလိုပါဘဲ

   ကိုယ်တွင်းမှာရှိတဲ့ စစ်မှန်တဲ့အဆီအနှစ်တွေမှာတောင် အမဲရောင်အော်ရာတွေနဲ့ရောယှက်နေပြီးသွေးကြောအားလုံးက စစ်မှန်တဲ့အဆီအနှစ်တွေကိုလည်ပတ်လိုက်တာနဲ့ ခန္ဓာကိုယ်ပတ်လည်မှာ ချော်ရည်တွေလို ကြောက်မက်ဖွယ်ဖျက်ဆီးအားတွေပါနေပါတယ်
 
   ပြီးတော့ သူ့နက်နက်ရှိုင်းရှိုင်းအိပ်နေစဥ်အတွင်း ခန္ဓာကိုယ်ထဲမှာ အဓိကမဟုတ်တဲ့သွေးကြော၁၂ခုလုံးပွင့်သွားပြီး စစ်မှန်တဲ့အဆီအနှစ်တွေ ဆက်တိုးလာနေပါတယ် အဓိကမဟုတ်တဲ့သွေးကြော၁၂ခုကနေ အသေးစားစစ်မှန်တဲ့အဆီအနှစ်လည်ပတ်မှုလေး ဖြစ်ပေါ်နေပါတယ်

   ကောင်းကင်ဘုံအလွှာအဆင့်၁သိုင်းဆရာအထွတ်အထိပ်ကို သူရောက်သွားခဲ့ပါပြီ
 
   "ဘယ်လိုဖြစ်တာလဲ?  အရင်ကထက်အများကြီးသန်မာလာပေမဲ့ ငါစိတ်ကူးယဥ်ထားတာနဲ့အများကြီးကွာနေသလိုဘဲ မယုံကြည်နိုင်တဲ့အခြေအနေအထိ ခွန်အားမကြီးလာသလိုဘဲ"
ရှပင်မျက်လုံးတွေလတ်ပြီး စဥ်းစားလိုက်တယ် 

   ရှပင်တွေးနေတာကို အာရုံခံမိတာနဲ့ စနစ်ကပြောလိုက်တယ် "ဒါပုံမှန်ပါဘဲ ငရဲရွှေကျီးကန်းသွေးမျိုးဆက်မှာပါတဲ့ စွမ်းအင်တွေက အရမ်းကြီးမားတဲ့အတွက် အကယ်၍ပိုင်ရှင်စုပ်ယူမယ်ဆိုရင် ချက်ချင်းတစ်ကိုယ်လုံးပေါက်ထွက်ပြီး အခိုးအငွေ့အဖြစ်ပျောက်ကွယ်သွားလိမ့်မယ်"

God level demon(201-ongoing)Where stories live. Discover now