275+276+277+278

455 66 1
                                    

အပိုင်း(၂၇၅) အရမ်းလွန်တယ်


ရှပင်ခြေနှစ်ဖက်က ဆင်းရိုင်းတစ်ကောင်ရဲ့ခြေလှမ်းတွေလို မြေပြင်မာရပ်လိုက်တာနဲ့ အက်ကြောင်းတွေပေါ်လာပါတယ်

သူ့လက်သီးက သမိုင်းမတင်မှီခေတ်ဆင်ရိုင်းတစ်ကောင်ရဲ့ခွန်အားတွေပါဝင်တဲ့ ပုဆိန်ကြီးတစ်ခုလိုပြောင်းလဲသွားပြီး ခန္ဓာကိုယ်ကြွက်သားတွေ ဖေါင်းကြွလာကာ ပြိုင်ဘက်ကင်းခွန်အားတွေပေါက်ထွက်လာပါတယ် ဒီသိုင်းကွက်က ရှပင်ရဲ့ အရင်တိုက်ချက်တွေထက်ကိုအဆပေါင်းများစွာပိုပြင်းထန်ပါတယ်

လက်သီးချက်တစ်ချက်ထွက်ပေါ်လာတာနဲ့ ဟယ်ရီကိန်းမုန်တိုင်းလို လေတွေလွင့်သွားပြီး ဘယ်ရန်သူမှတားဆီးလို့မနိုင်ပါဘူး

ဘန်း ဘန်း ဘန်း!

ဒီဧရာမပုဆိန်လိုကြောက်စရာကောင်းတဲ့ လက်သီးက ရှေးနတ်ဘုရားဆင်ရိုင်းတစ်ကောင်ရဲ့ခွန်အားနဲ့ အရာအားလုံးကိုဖျက်စီးကာ မျုဘန်ချန်းရဲ့ဓားချီတွေက ရုတ်တရက်ဖျက်ဆီးခံလိုက်ရပါတယ်

ဘာ?!
မျုဘန်ချန်းက ထိတ်လန့်သွားပါတယ် သံမဏိကိုတောင်အသာအယာခုတ်ဖြတ်နိုင်တဲ့သူ့ရဲ့အရာအားလုံးကိုလွှမ်းမိုးနိုင်တဲ့ဓားချီတွေကအခုတော့ တစ်ဖက်ရန်သူရဲ့လက်သီးတစ်ချက်နဲ့ပျက်ဆီးသွားတာ မယုံနိုင်စရာကောင်းလွန်းပါတယ်

ဆင်ရိုင်းလို ဧရာမပုဆိန်လက်သီးကြီးက ဓားချီတွေကို ဖျက်ဆီးပြီးတာနဲ့ရပ်တန့်မသွားဘဲ မျုဘန်ချန်းဆီကိုဆက်ဝင်လာခဲ့ကာ မျုဘန်ချန်းခန္ဓာကိုယ်ကိုရက်ရက်စက်စက်ထိမှန်ပြီး သူ့တစ်ကိုယ်လုံးလွင့်ထွက်သွားပါတယ် သူ့လက်ထဲကဓားရှည်လည်းလှုပ်ခါပြီး လွင့်ထွက်သွားပါတယ်

အား!
မျုဘန်ချန်းက သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ အပေါ်အောက်ပြောင်းပြန်လှန်ကာ မီတာရာပေါင်းများစွာကိုလွင့်ထွက်သွားပြီး တန်ရာပေါင်းများစွာရှိတဲ့ကျောက်တုံးနဲ့ အတင်းဝင်ဆောင့်သွားပါတယ်

တွင်းနက်ကြီးပေါ်လာပြီးကျောက်တုံးအပိုင်းအစတွေပြန့်ကျဲကာ မြေပြင်မှာလည်း ကြောက်စရာကောင်းတဲ့အက်ကွဲရာတွေက မီတာရာပေါင်းများသွာကို ပြန့်သွားတဲ့မြင်ကွင်းက အံ့အားသင့်စရာကောင်းပါတယ်

ဖူ!
မျုဘန်ချန်းက ဒီလက်သီးကြောင့်ဒဏ်ရာအပြင်းအထန်ရသွားပြီး သွေးတစ်ပွက်အန်လိုက်ကာ ထိတ်လန့်နေပါတယ်

God level demon(201-ongoing)Where stories live. Discover now