255+256+257+258+259

516 71 2
                                    

အပိုင်း(၂၅၅)    ရှေးဟောင်းမြို့တော်

     ရတနာအသားသစ်သီးကိုစားပြီးနောက်မှာ
ဂျန်းရရူတို့တွေကလည်း တင်ပျင်ခွေလျက်ထိုင်ချလိုက်တယ် သူတို့ကိုယ်တွေမီးမြှိုက်ခံနေသလိုစွမ်းအင်အလျှံပယ်ထွက်လာပြီး သူတို့မျက်နှာတွေနီရဲသွားပါတယ်

    ဒီစွမ်းအင်တွေက သူတို့ဆုံးရှုံးသွားတဲ့အစိုဓာတ်နဲ့စွမ်းအင်တွေကို ချက်ချင်းဖြည့်တင်းပေးရုံသာမက များပြားတဲ့အစစ်အမှန်ချီတွေကိုပါယူဆောင်လာပေးပြီး ကိုယ်ခန္ဓာကိုသန်မာအောင်လုပ်ပေးနေပါတယ် ဒီကရတဲ့အကျိုးကျေးဇူးတွေကတိုင်းတာလို့မရနိုင်ပါဘူး

    ဘန်း ဘန်း ဘန်း!!!
    ချက်ချင်းဘဲဂျန်းရရူတို့ကိုယ်တွေကနေ အတားအဆီးတစ်ခုခုကို ကျော်ဖြတ်သွားသလို အရှိန်အဝါတွေမြင့်တက်လာပါတယ် ကြီးမားတဲ့ခွန်အားတွေကသူတို့ကိုယ်ကနေ ထွက်ပေါ်လာပြီး
အစစ်အမှန်ချီတွေတုန်ခါကာ မြေပြင်မှာတွင်းနက်တွေဖြစ်သွားပါတယ်

    အချိန်တော်တော်ကြာမှသာ သူတို့တွေတစ်ယောက်ပြီးတစ်ယောက်မျက်လုံးဖွင့်လိုက်ကြပါတယ်
  
    "သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၁ နောက်ဆုံးတော့ငါသိုင်းပညာရှင်အဆင့်ကိုရောက်သွားပြီ " ဂျန်းရရူကမျက်လုံးလှလှလေးတွေကိုဖွင့်လိုက်တာနဲ့ အလွန်အံ့သြသွားတယ် သူမရဲ့ခွန်အားကအရင်ကနဲ့မတူတော့ဘဲ နှစ်ဆသုံးဆလောက်ပိုခွန်အားကြီးလာတာကို ခံစားနေရပါတယ်

     အစကတော့သူမကသိုင်းပညာသင်ကောင်းကင်ဘုံအလွှာအဆင့်ကိုးအထွတ်အထိပ်ကိုရောက်နေပြီး ရတနာအသားသစ်သီးကိုစားသုံးပြီးနောက်မှာ ချောချောမွေ့မွေ့နဲ့အတားအဆီးကိုကျော်ဖြတ်ဖို့ ကူညီပေးလိုက်ပါတယ်

     "ကောင်းတယ် နောက်ဆုံးတော့သိုင်းပညာရှင်အဆင့်ကို ရောက်သွားပြီ"

     ချူရွန်းကလည်းထိုအတိုင်းဘဲ အံ့အားသင့်သွားတယ် ကြမ်းတမ်းတဲ့သဲအပျက်အစီးနယ်မြေကိုရောက်ပြီးနောက်မှာ အန္တရာယ်ပေါင်းများစွာနဲ့ ကြုံတွေ့ရပါတယ်
     
    သိုင်းပညာသင်အဆင့်နဲ့ဆိုရင်ဒီအန္တရာယ်တွေကြားမှာ သူမရှင်သန်နိုင်မယ်လို့ အာမမခံနိုင်ပါဘူး အခုသိုင်းပညာရှင်အဆင့်ကိုရောက်သွားပြီဆိုတော့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့လုံလောက်ပြီး ရန်သူတွေတိုက်ခိုက်မှာကိုကြောက်နေစရာမလိုတော့ပါဘူး

God level demon(201-ongoing)Where stories live. Discover now