351+352

578 67 0
                                    

အပိုင်း(၃၅၁) လေးနက်တဲ့ယင်ဆေးလက်ထဲရောက်လာပြီ

    ရှပင်ရဲ့ဒီစကားတွေက အခြေနေကိုပိုဆိုးသွားစေပါတယ်

    "အရှက်မရှိတဲ့ရှပင် ဘယ်သူ့ပင်ကိုယ်ပါရမီက နိမ့်ရမှာလဲ သတ္တိရှိရင်ထပ်ပြောကြည့်စမ်း"

    "မင်းကများငါတို့ကိုခွဲခြားမဆက်ဆံနဲ့လို့ပြောလိုက်သေးတယ် မင်းလဥကိုခွဲခြားပါလား မင်းလိုရွာငယ်ဇနပုဒ်ကတက်လာတဲ့ကောင်က ငါတို့ကျိုခှဲခွားဆကျဆံခငြျနသေေးတယျ တောသားကမြို့သားကို ခွဲခြားဆက်ဆံတယ်ဆိုတာ တစ်ခါမှမကြားဖူးဘူး"

    "ရှပင် မင်းချက်ချင်းငါ့ရှေ့ကိုထွက်လာခဲ့စမ်း ငါမင်းကိုမသတ်ဘူးလို့အာမခံတယ်"

    "စီနီယာကျောင်းသားနည်းနည်းပါးပါးကိုအနိုင်ယူပြီး ဒီကောင် သူ့ကိုယ်သူပြိုင်ဘက်ကင်းသွားတယ် ထင်နေတာလား? ရန်ဟွမ်ဂြိုလ်က ပုန်းလျှိုနေတဲ့နဂါး ဝပ်နေတဲ့ကျားတွေပြည့်နေတဲ့နေရာဘဲ မင်းကိုရိုက်သတ်နိုင်တဲ့လူတစ်ပုံကြီးရှိတယ် မင်းသိလား?"

    "ဘာမဟုတ်တဲ့ကောင်ကအောင်မြင်မှုမှာ ပျော်မွေ့နေတာ ဒါဘာမဟုတ်တဲ့ကောင်လေးကအောင်မြင်မှုမှာပျော်မွေ့နေတာဘဲ"

    "အခုလျိုပွောထှကျတဲ့ လူမျိုးတစ်ခါမှမမြင်ဖူးဘူး အလွန်အမင်းအရှက်မဲ့လွန်းတယ်"

   ကောင်းကင်တိမ်တိုက်ကမ္ဘာကျောင်းသားတွေ ဒေါမွှန်သွားပါတယ် ရှပင်ကိုမညှာမတာရိုက်သတ်ဖို့သူတို့လက်ယားနေပါတယ် သူတို့တစ်ဘဝလုံးအခုလိုခွဲခြားဆက်ဆံမခံရဖူးဘဲ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်

     ဒါပေမဲ့ဒီလူတွေကိုရှပင်ပြန်ပြောစရာမလိုဘဲ ရန်ဟွမ်ဂြိုလ်ကကျောင်းသားတွေ ချက်ချင်းကူညီဆဲဆိုလိုက်ကြပါတယ် ရှောင်ယိရွှမ်ကိုအနိုင်ယူခဲ့တဲ့ပြီး ရန်ဟွမ်ဂြိုလ်ရဲ့မျက်နှာကိုဆယ်နိုင်ခဲ့တဲ့အတွက် အခုချိန်မှာရှပင်က ရန်ဟွမ်ဂြိုလ်သူရဲကောင်းတစ်ယောက်ဖြစ်လို့နေပါပြီ

    ကောင်းကင်တိမ်တိုက်ကမ္ဘာကျောင်းသားတွေရဲ့မကောင်းတဲ့ရည်ရွယ်ချွက်နဲ့အပြစ်တင်တဲ့စကားတွေကို သည်းမခံနိုင်ဘဲ သူတို့ပြန်လည်ချေပကြပါတယ်
   
    တစ်နာရီအတွင်းဖိုရမ်မှာအချင်းချင်းချေပထားတဲ့မက်ဆေ့တွေက ၈၉၈၀၀ထိရောက်ရှိသွားတာ ဝင်နှိပ်ကြည့်နှုန်းကလည်း သန်း၁၀၀ကျော်သွားကာ တစ်ကျောင်းလုံးမှာရှိတဲ့ စီနီယာကျောင်းသားတွေပါ ပါလာပါတယ်

God level demon(201-ongoing)Where stories live. Discover now