225

472 64 0
                                    

Uni
======
အပိုင်း( ၂၂၅)   တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ   စတင်ခြင်း             

    ဆယ်ရက်မြောက်မနက်မှာ
    "ဟူး" 

    ရှပင်က စံအိမ်ရဲ့လေ့ကျင့်တဲ့အခန်းထဲမှာ တင်ပြင်ခွေလျက်ထိုင်နေပြီး အသက်ပြင်းပြင်းရှူထုတ်လိုက်တာနဲ့ ချီစီးကြောင်းတွေထွက်လာပြီးအစိုင်အခဲအဖြစ်ကိုစုစည်းသွားကာ ကြောက်စရာစွမ်းအင်တွေ အပြင်ကိုထွက်သွားပါတယ်

    ထို့နောက်သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး ကြောက်စရာအလင်းတန်းတွေကို ထုတ်ဖော်လိုက်တယ်

    "တကယ်ဘဲ အစိမ်းရောင်စုဝေးဆေးက အကျိုးသက်ရောက်မှုကောင်းသားဘဲ" သူပြုံးလိုက်တယ်
 
    အစိမ်းရောင်စုဝေးဆေးက မှာယူပြီးနောက်တစ်နေ့မှာ ဧရာမကုမ္ပဏီကအမြန်ချောပို့နဲ့ ပို့လာခဲ့ပါတယ် ရှပင်ကလက်မှတ်ထိုးကာ ယူပြီးသောက်သုံးလိုက်တာနဲ့ တကယ်ထိရောက်မှုကောင်းပြီး သူ့ကိုယ်တွင်းမှာအစစ်အမှန်ချီတွေက တဟူးဟူးနဲ့ တိုးတက်လာပါတယ်

    ဆယ်ရက်တာကျင့်ကြံပြီးနောက်မှာ သူ့ခန္ဓာကိုယ်ကအစစ်အမှန်ချီတွေက သိသာစွာတိုးလာပြီး ကိုယ်တွင်းအပ်စိုက်ကုထုံးအမှတ်တွေကိုပြည့်လျှံကာ သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၂ အထွတ်အထိပ်ကို ရောက်ရှိလာပါတယ်

   နောက်တစ်လှမ်းတိုးတာနဲ့သူက သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၃ကို တက်တော့မှာပါ

   ရှပင်ရဲ့ တိုက်ရည်ခိုက်ရည်ကလည်း အရင်ကထက်ကိုအနည်းဆုံး၃၀% လောက်ပိုပြီးတော့ တိုးတက်လာပါတယ်

    ဒီရက်တွေမှာသူက ခွန်ပန်ခြေလှမ်း မြှားခုနှစ်စင်းခေါင်းခြွေလက်သည်းကျင့်စင်နဲ့ ဒါခ့်နော့ခန္ဓာကိုယ်ကာကွယ်ခြင်း ကျင့်စင်တို့ကိုလေ့ကျင့်နေတာကြောင့် ကျင့်စင်တွေကိုပိုမိုပိုင်နိုင်လာကာ တိုက်ရည်ခိုက်ရည်ကလည်း တိုးတက်လာခဲ့ပါတယ်

    သူ့ရဲ့လက်ရှိအထွတ်အထိပ်တိုက်ရည်ခိုက်ရည်က အရမ်းကိုပြည့်စုံသွားပြီလို့ပြောလို့ရပါတယ်

   "ကျောင်းကိုသွားပြီး ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုခံယူရတော့မဲ့အချိန်ဘဲ" ရှပင်ကစံအိမ်ကနေထွက်လာလိုက်ကာ တက္ကစီငှားပြီးဆယ်မိနစ်ကျော်အကြာမှာ အမှတ်၉၅အထက်တန်းကျောင်းကိုရောက်လာခဲ့ပါတယ်

God level demon(201-ongoing)Where stories live. Discover now