387+388+389+390

357 58 0
                                    

အပိုင်း(၃၈၇) ငါ့ရှေ့မှာဒူးထောက်စမ်း

"ဟမ်?"
တစ်ဖက်လူက စကားနည်းနည်းလောက်ပြောပြီးတာနဲ့ အလွန်ရက်စက်စွာသူ့ကိုတိုက်ခိုက်လာလိမ့်မယ်လို့ မထင်ထားဘဲ ရှပင်မျက်လုံးတွေ အေးစက်သွားတယ်

ဒါပေမဲ့လည်း သူချက်ချင်းပြန်တုံ့ပြန်လိုက်ပါတယ် သူ့ဒန်တျန်ထဲကအစစ်အမှန်ချီစွမ်းအင်တွေကို လည်ပတ်လိုက်ပြီးတစ်ကိုယ်လုံးကို ဖြန့်ကာ ခြေကိုဆောင့်နင်းပြီး ဝှစ်ခနဲ့ဘေးကိုရုတ်တရက်ရှောင်တမ်းလိုက်ပါတယ်

ဘန်း!
ချက်ချင်းဘဲ ကြောက်စရာကောင်းတဲ့အစစ်အမှန်ချီတွေက မီတာရာပေါင်းများစွာအဝေးမှာရှိတဲ့ လူ့တစ်ဝက်စာအမြင့်ရှိတဲ့ကျောက်တုံးကိုထိပြီး ချက်ချင်းကျောက်တုံးတစ်ခုလုံးကြေမွပြီး ပြန့်ကျဲသွားပါတယ်

ဘေးမှာရှိနေတဲ့လူတွေက ဒါကိုမြင်တာနဲ့မျက်မှောင်ကျုံ့ပြီး ဖော်မပြနိုင်အောင်ကြောက်လန့်သွားကြတယ် မီတာရာပေါင်းများစွာအကွာအဝေးကကျောက်တုံးမာကြီးကိုတောင် ဒီပုံစံဖြစ်အောင်လုပ်နိုင်တဲ့ ဒီတိုက်ခိုက်ခိုက်မှုကဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ သိသာပါတယ်

ဒီဝတ်စုံအမဲနဲ့ကောင်က သာမန်မဟုတ်ဘဲ အနိမ့်ဆုံးမျုဟော်ရန်တို့လောက် အဆင့်ရှိပါတယ်

"ရှောင်ပြေးလို့ဘဲတတ်တာလား? ရန်ဟွမ်တက္ကသိုလ်တစ်ခုလုံးကိုကြီးစိုးပြီး စီနီယာကျောင်းသားအများစုကိုအနိုင်ယူနိုင်တဲ့ အဆင့်ရှိတဲ့ဒဏ္ဍာရီလာ သိုင်းပညာရှင်က ငါတိုက်ခိုက်တာကို ဘေးကိုရှောင်လို့ဘဲတတ်တာလား? တကယ်ရယ်စရာကောင်းတာဘဲ" အမဲရောင်အဝတ်အစားနဲ့ကောင်က တဟားဟားရယ်လိုက်ပြီး "ရန်ဟွမ်တက္ကသိုလ်ရဲ့ သိုငျးတာအျိုအဆငျ့အတနျးအရမျးနိမျ့လို့ မင်းလို့အမှိုက်မျိုးက ဆရာဖြစ်နေတာလား ပြောစမ်း"

သူရှပင်ကိုသရော်ပြီး စိုက်ကြည့်လိုက်ပါတယ်

"ငါ့ကိုအလစ်တိုက်ပြီးတော့ ဒီလိုအရှက်မဲ့စွာနဲ့ လေကြီးရဲတယ်ပေါ့လေ?" ဒီအဝတ်အစားအမဲရောင်နဲ့ကျောင်သားကို ရှပင်မျက်မှောင်ကြုံ့ပြီးစိုက်ကြည့်ကာ "မင်းခြေထောက်ဘယ်နှစ်ချောင်းရိုက်ချိုးခံချင်လဲပြောစမ်း တစ်ချောင်းလား နှစ်ချောင်းလား သုံးချောင်းလား"

God level demon(201-ongoing)Where stories live. Discover now