241+242+243

452 63 0
                                    

အပိုင်း( ၂၄၁)   သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၃

     "ငါ့လက်ချက်နဲ့ သေပေတော့ကွာ"
     ရှူယန်ကျီအန်မျက်နှာတွေ ခက်ထန်ပြီး လက်ထဲကဓားကိုကိုင်ကာ မိုးကြိုးလျှပ်စီးလို သာမန်သိုင်းပညာရှင်တွေမမြင်နိုင်တဲ့အမြန်နှုန်းနဲ့ ရှပင်ရင်ဘတ်ကို ထိုးထည့်လိုက်တယ်

     ဒါကမိုးခြိမ်းသံဓားသိုင်းရဲ့ဒုတိယသိုင်းကွက်ရဲ့ ကြောက်စရာကောင်းတဲ့နေရာဖြစ်ပါတယ် ဓားချက်ကလျှပ်စီးလိုလျင်မြန်ပြီး မကြာခနဆိုသလို ရန်သူတွေကအသံဘဲကြားရတုန်းမှာ ဓားရှည်ကရန်သူ့ရင်ဘတ်ကိုဖောက်နှင့်နေပါပြီ

     ဒီသတ်ဖြတ်တဲ့အကွက်ကို နောက်ဆုံးနားလည်နိုင်ဖို့အတွက် သူကဆယ်နှစ်လုံးလုံးလေ့ကျင့်ခဲ့ရပါတယ် သာမနျအခြိနျတှဆေိုရငျဒီသျိုငျးကှကျကိုသူအသုံးမပွုဘဲ အသုံးပြုပြီဆိုရင်လည်း သေခြင်းနဲ့ရှင်ခြင်းကို ဆုံးဖြတ်တဲ့အချိန်မှသာ သုံးပါတယ်

    "ဘန်း"
    ဒီဓားချက်က ဘာမတော်တဆမှမရှိဘဲ ရှပင်ရင်ဘတ်ကိုထိုးမိပြီး မိုးချုန်းသံတွေပေါက်ကွဲထွက်သွားပါတယ်

    "သေ သေစမ်း သေလိုက်စမ်း"
    ရှူယန်းက နှာဖူးကနေသွေးကြောစိမ်းတွေရုတ်တရက်ထောင်တက်လာပြီး သူ့တစ်ကိုယ်လုံးမှာရှိတဲ့ သိုင်းပညာရှင်အဆင့်၄အစစ်မှန်ချီတွေကို အကုန်နီးပါးထုတ်သုံးလိုက်ပါတယ် ဒါကသူ့ရဲ့အားအပြင်းဆုံးတိုက်ခိုက်ချက်ဖြစ်ပါတယ်

     ဒီဓားချက်ကြောင့် ရှပင်ကနောက်ကိုဆယ်လှမ်းကျော်ဆုတ်လိုက်ရပြီး သူ့ခြေရာကြောင့်မြေကြီးမှာ မြောင်းနက်ကြီးပေါ်လာကာ ဖုန်တွေသဲတွေ တထောင်းထောင်းထသွားတဲ့မြင်ကွင်းက အံ့အားသင့်စရာကောင်းပါတယ်

    ဒါပေမယ့် သူ့ဓားရှည်ကရှပင်ရင်ဘတ်ထဲကိုနည်းနည်းလေးမှမစိုက်ဝင်သွားဘဲ အပြင်ဘက်အစစ်မမှန်ချီအကွာအကွယ်မှာဘဲ ခံနေတယ်ဆိုတာကို ရှူယန်ကျီအန် တွေ့လိုက်တယ်

    "ဒါဘယ်လိုဖြစ်နိုင်မှာလဲ လာနောက်နေတာဘဲနောက်ဆုံးမှာမင်းက ဘာခန္ဓာကိုယ်ကာကွယ်ခြင်းကျင့်စင်ကိုကျင့်ထလို့ ငါ့ဓားကရှေ့မတိုးနိုင်ရတာလဲ ငါ့ရဲ့မိုးခြိမ်းသံဓားသိုင်းက ဘာလို့မင်းနှလုံးသားထဲကို မဖောက်ဝင်သွားရတာလဲ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ"
   
    ရှူယန်ကျီအန်က လဲပြိုသွားပြီး သူ့မျက်စိနဲ့မြင်နေရတဲ့အမှန်တရားကို မယုံနိုင်ပါဘူး အားလုံးကိုအနိုင်ယူနိုင်တဲ့ ဂရန်းမာစရာအဆင့်ကျင့်စင်ဖြစ်တဲ့ သူ့မိုးခြိမ်းသံဓားသိုင်းရဲ့အမြင့်ဆုံးနက်ရှိုင်းတဲ့အမှန်တရားနဲ့ဆိုရင် သိုင်းပညာရှင်အဆင့်၅ကိုတောင် သေအောင်သတ်နိုင်မယ်လို့ သူထင်ထားတာပါ ဒါပေမယ့်အခုတော့ သိုင်းပညာရှင်အဆင့်၂လေးရဲ့ရင်ဘတ်ကိုတောင် ကျွံအောင်မထိုးဖောက်နိုင်ပါဘူး

God level demon(201-ongoing)Where stories live. Discover now