204

461 61 0
                                    

Uni
========
အပိုင်း(၂၀၄)    သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့် ၂

     "ဟောင် လောင် လောင်"
     ရုတ်တရက် ရှပင်ခန္ဓာကိုယ်သွေးကြောတွေထဲကအစစ်အမှန်ချီတွေက လှိုင်းထန်တဲ့မြစ်တစ်ဆင်းလို တက်လာပြီး ဒုတိယအိပ်စိုက်ကုထုံးအမှတ်ကို ချိတ်ဆက်သွားပါတယ်

    "သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့် ၂"
 
    တဈလတိတျိကငြျ့ကွံထားတဲ့အပွငျ ပြိုင်ဘက်ကင်းအဆင့်ဆေးဝါး လည်ပတ်မှုကိုးခုမူလကျင့်ကြံခြင်းဆေးဝါးကို သောက်ပြီးနောက်ဆုံးမှာတော့ ရှပင်ကကျင့်ကြံခြင်းအဆင့်ကိုမြှင့်တင်နိုင်သွားကာ ဒုတိယအပ်စိုက်ကုထုံးအမှတ်နဲ့ ချိတ်ပြီး သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၂ကို တက်ရောက်သွားပါတယ်

    "နောက်ဆုံးတော့အဆင့်တက်သွားပြီဘဲ"

     မျှော်စင်နက်မှာနေတဲ့အတွင်းမှာ ရှပင်ကအချိန်တွေအလဟဿမဖြုန်းဘဲ ဒီကပစ္စည်းကိရိယာတွေကိုအသုံးပြုပြီးကျင့်ကြံခြင်းအုတ်မြစ်ကို ခိုင့်ခံအောင်လုပ်နေခဲ့ပါတယ်

    သူလက်သီးစုပ်ပြီးကိုယ်ထဲက ထွက်လာတဲ့ခွန်အားကို အာရုံခံလိုက်တယ် သူ့ရဲ့ကြွက်သားတွေတစ်လက်မချင်းစီမှာ ကြွယ်ဝတဲ့စွမ်းအင်တွေစီးဆင်းနေပြီး လက်သီးတစ်ချက်နဲ့တင်လေထန်အောင် လုပ်နိုင်ပါတယ်

    "သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာ အဆင့်၂ပီသပါပေတယ် အစစ်အမှန်ချီအရေအတွက်ကနှစ်ဆလောက် ပိုများလာတာဘဲ"  ရှပင်ကလက်သီးစုပ်ပြီး အသံတွေမြည်အောင်လုပ်လိုက်တယ် ဒုတိယအပ်စိုက်ကုထုံးအမှတ်ကိုချိတ်ဆတ်ပြီးနောက်မှာ သူ့ကိုယ်ထဲက အစစ်အမှန်ချီတွေ အတိုင်းအဆမရှိပိုများလာတာကို ခံစားနေရပါတယ်

    သိုင်းပညာရှင်အဆင့်မှာတော့ ကောင်းကင်ဘုံအလွှာတစ်ခုတက်တိိုင်း တက်တိုင်းမှာ အပ်စိုက်ကုထုံးအမှတ်တွေချိတ်ဆတ်ရပြီး အပ်စိုက်ကုထုံးအမှတ်တစ်ခုချင်းစီက များပြားတဲအစစ်အမှန်ချီတွေကို သိုလှောင်ပေးနိုင်ပြီး သိုင်းပညာရှင်ကို ပိုခွန်အားကြီးလာစေပါတယ်

    သိုင်းပညာရှင်အဆင့်မှာ ကောင်းကင်ဘုံအလွှာတစ်ခုချင်းစီတိုင်းရဲ့ ခွန်အားကွာခြားမှုက အလွန်ကြီးမားပြီး အစစ်အမှန်ချီအရေတွက်နဲ့တင် ပိုနိမ့်တဲ့သိုင်းပညာရှင်က မြင့်တဲ့သိုင်းပညာရှင်ကို မယှဥ်နိုင်ပါဘူး

God level demon(201-ongoing)Where stories live. Discover now