267+268

430 64 2
                                    

အပိုင်း(၂၆၇)     စိတ်ခွန်အားကုန်ဆုံးခ

    "ဘန်း"
    ချက်ချင်းဘဲလူအိုဒီက သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၄ခွန်အားကို ထုတ်ဖော်လိုက်ပြီး သူ့တစ်ကိုယ်လုံးကလင်းယုန်တစ်ကောင်လို မိုးပေါ်ကနေထိုးဆင်းလာပြီး သားကုန်ကိုသုတ်ချီသလို လျင်မြန်နဲ့အရှိန်ပြောင်းသွားပါတယ်

    သူ့ဘယ်လက်နဲ့ ညာလက်ကလင်းယုံတောင်ပံတွေအဖြစ်ကိုပြောင်းသွားကာ သူ့ခြေထောက်တွေကလင်းယုန်ခြေသည်းလိုပြောင်းသွားကာ မြေပြင်မှာကွဲအက်ရာတွေပေါ်လာပါတယ်

    ဒီလူအိုဒီက အလွန်ဘဝင်မြင့်ပေမဲ့သူ့ခွန်အားကတော့ အရမ်းကြီးမားပြီး စာမေးပွဲဖြေသူအများကြီးထဲက ထိပ်ဆုံးမှာရပ်တည်ဖို့လုံလောက်ပါတယ် အရင်ကရှူရန်ကျီအန်တောင်သူ့ပြိုင်ဘက်မဟုတ်ပါဘူး

    ရှပင်မျက်လုံးနှစ်လုံးအေးစက်ကာ ကြမ်းတမ်းတဲ့ဝက်ဝံတစ်ကောင် တောင်ပေါ်ကထွက်လာသလို မြေပြင်တုန်လှုပ်သွားပြီး သူ့ကိုယ်ကကြောက်စရာအော်ရာတွေထွက်ပေါ်လာပြီးလက်ဝါးတစ်ချက်ပုတ်လိုက်ပါတယ်

    "ဘာလဲဟ"
    ရှပင်ကိုမတိုက်ခိုက်ရသေးခင်မှာဘဲ လူအိုဒီကသူ့ကိုယ်မှာသေစေနိုင်တဲ့အန္တရာယ်ရောက်လာတာကို အာရုံခံမိပြီး သူမတုံ့ပြန်ရခင်မှာဘဲ အရိပ်ကြီးတစ်ခုကသူ့တစ်ကိုယ်လုံးကို အုပ်ပြီးကျလာတာကို တွေ့လိုက်ပါတယ်

    ဒီအရိပ်က ရှပင်လက်ဝါးကြီးဖြစ်ပါတယ်
  
    ဘန်း!
    လက်ဝါးတစ်ချက်က ဝက်ဝံကြီးတစ်ကောင်လို ကီလိုဂရမ်တစ်သိန်းအားပါတဲ့ကြောက်မက်ဖွယ်ဖျက်စီးအားနဲ့ လူအိုဒီရဲ့ကိုယ်မှာလာထိပါတယ်

     သူ့ကျောရိုးတွေတဂါဂါနဲ့ အသံမြည်ပြီး နံရိုးပေါင်းများစွာကျိုးသွားကာ ပါးစပ်ထောင့်ကနေသွေးတွေယိုစီးကြလာပါတယ် တောင်နံရံမှာတောင်အက်ကြောင်းတွေပေါ်လာပြီး ကျောက်ခဲအပိုင်းအစတွေပြန့်ကျဲသွားပါတယ်

    "ဒီအရည်ချင်းနဲ့ ငါ့ရှေ့မှာလာပြီးလေကြီးရဲတယ် အခုလိုကိုယ့်ကိုယ်ကိုအထင်ကြီးနေရအောင် မင်းကိုဘယ်သူသင်ပေးလိုက်တာလဲ?" ရှပင်ကလက်နှစ်ဖက်ကို နောက်ပစ်ပြီး တောင်နံရဲ့သွားဆောင့်တဲ့ လူအိုဒီကိုအသာကြည့်ကာမေးလိုက်တယ်

God level demon(201-ongoing)Where stories live. Discover now