251+252+253+254

509 75 2
                                    

အပိုင်း( ၂၅၁)     သေခြင်းနဲ့ရှင်ခြင်း

     "ငါဘာလုပ်ချင်လဲ ဟုတ်လား?"

     ဂျန်းရရူတို့တွေဒေါသထွက်နေတဲ့ပုံကိုတွေ့တာနဲ့ ဝတ်စုံနက်ဝတ်ထားတဲ့စာမေးပွဲဖြေဆိုသူကသရော်ပြီး အထင်သေးတဲ့အကြည့်နဲ့ သူတို့ကိုကြည့်လိုက်တယ် "တကယ်အတွေ့အကြုံမရှိတဲ့ တောသားငတုံးတွေဘဲ ငါနင်တို့နားလည်အောင်ရှင်းပြလိုက်မယ် ဒီအခွင့်အရေးကိုအသုံးချပြီးတော့ အန္တရာယ်ကိုငါဖယ်ရှားချင်တာဘဲ"

     "ဒီနေရာမှာ ရတနာအသားသစ်ပင်ရှိပေမယ့် အပေါ်မှာအသီးအများကြီးမရှိဘူး ဒီလောက်လူအများကြီးကို ခှဲဝဖေို့ဘယျလျိုလုံလောကျမလဲ"

    "ဒါပေမဲ့နင်တို့ကို သတ်လိုက်ရင်လုံလောက်သွားမယ်" သူ့လေသံကအေးစက်ပြီး ရက်စက်ယုတ်မာပါတယ်

    ဒီရတနာသစ်ပင်ပေါ်မှာ အသီးအများကြီးမရှိတာကြောင့် သူတို့ဂျီကျိုးပြည်နယ်စာမေးပွဲဖြေသူတွေအားလုံးကိုတောင် ညီညီညာညာခွဲပေးဖို့မလုံလောက်ပါဘူး ရှပင်တို့လူတွေပါပါရင် ခွဲဝေဖို့လုံးဝကိုမလုံလောက်နိုင်တော့ပါဘူး

    အဲ့တာကြောင့်သူက ဒီအခွင့်ရေးကိုအသုံးချပြီး အကြီးဆုံးအန္တရာယ်ဖြစ်တဲ့ရှပင်ကိုရှင်းပြစ်ချင်တာပါ

    သဘာဝအားဖြစ် ဒီကိစ္စမရှိရင်တောင် သူတို့ကိုမလေးမစားဆက်ဆံတာနဲ့တင် ရှပင်တို့အဖွဲ့ကိုတိုက်ခိုက်ဖို့အကြောင်းပြချက်လုံလောက်ပါတယ် အခုချိန်ကအဲ့လိုလုပ်ခွင့်ရမဲ့ အခွင့်အရေးကောင်းကို သူတို့ရသွားတာရုံလေးပါဘဲ

    "နင်ကအရမ်း စက်ဆုပ်စရာကောင်းတယ်"ချူရွန်းကအံကြိတ်ပြီး မခံမရပ်နိုင်ဖြစ်နေပါတယ် ဒီကောင်ကမထင်မှတ်ဘဲကိုယ်အသက်ရှင်ဖို့အတွက် ရနျငွိုးမရှိတဲ့တခွားသူတှကျေို အကြမ်းဖက်သစ္စာဖေါက်ပါတယ် ဒါကလုံးဝကို အကြင်နာမဲ့တဲ့လုပ်ရပ်ပါ
 
    "ယုတ်မာတယ်ပေါ့လေ မှားနေပြီ နင်တို့တွေကိုကအရမ်းတုံးအလွန်းတာ"
   
   "ဒီလောကမှာ နင်တို့သေမှငါတို့အသက်ရှင်မှာ ဘာစက်ဆုပ်စရာတွေဘာတွေမှ မရှိဘူး"

   "ငါတို့ကိုလည်း အပြစ်တင်လို့မရဘူး ဘယ်သူကနင်တို့ကိုအားနည်းခိုင်းလဲ"

God level demon(201-ongoing)Where stories live. Discover now