222

469 59 0
                                    

Uni
=======
အပိုင်း( ၂၂၂)      စိတ်မခိုင်ဘူး

     အဲ့ဒီအချိန်ဆရာမ ရုံးခန်းမှာ ခီရွှဲက သူ့အရှေ့ကကျောင်းသားရှပင်ကိုဒေါသနဲ့စိုက်ကြည့်ပြီး "ရှပင်ငါကိုပြောစမ်း ဒါဘယ်လိုဖြစ်တာလဲ နင်တစ်လခွင့်ယူပြီး အပြင်မှာဘယ်လိုဘဲသွားရှုပ်သွားရှုပ် ဒါကနင့်လွတ်လပ်ပိုင်ခွင့်ဆိုလို့ ငါဘာမှမပြောလိုဘူး "

   "ဒါပေမယ့်နင်ကအခု ကျောင်းကိုပြန်လာပြီးတော့ တမင်တကာပြသနာရှာနေတာ အလွန်မသင့်လျော်ဘူး နင်ကျောင်းကိုဘယ်နေရာထင်နေတာလဲ ပိုက်ဆံပေးပြီးသွားလို့ရတဲ့ပြည့်တန်ဆာရုံထင်နေတာလား"
 
    "မထင်မှတ်ဘဲနင်ကကျောင်းသားတွေကိုလနက်မြို့ကို ခေါ်သွားပြီးတော့ ဂုဏ်သိက္ခာမရှိတဲ့ကိစ္စအတူတူသွားလူပ်ဖို့ တွေးရဲတယ်"
    သူမစိတ်တိုပြီး ရှပင်ကိုအပြစ်တင်နေပါတယ်

    "ဆရာမ ဒါကျွန်တော့်အမှားမဟုတ်ဘူး ကျောင်းသားတွေက သင်ယူဖို့အတွေ့အကြုံတွေမျှဝေဖို့ကျွန်တော့်ကို အရမ်းတောင်းဆိုနေကြတော့ ကျွန်တော်ငြင်းလို့မကောင်းဘူးလေ ငြင်းလိုက်ရင် ကျောင်းသားတွေကြားကခင်မင်မှုကို ပျက်စေမှာပေါ့" ရှပင်ကသူ့ကိုယ်သူအပြစ်ကင်းတယ်ထင်နေပါတယ်

    "ကတ်သီးကတ်ဖဲ့ လာငြင်းနေတယ်"
    ခီရွှဲက ဒေါပွသွားတယ် ဒီကျောင်းသားက ဒီအခြေနေထိတောင်ကတ်သီးကတ်ဖဲ့ပြောဆိုရဲပါတယ် ပေါက်ကရသင်ယူဖို့အတွေ့အကြုံလား လနက်မြို့မှာ ရတဲ့အတွေ့ကြုံက ဘာလေ့လာလို့ကောင်းတာရှိလို့ပါလဲ 

    ဒီလိုအတွေ့အကြုံတွေကို လေ့လာတဲ့လူအများစုက ကောင်းတဲ့လူတွေမဟုတ်ပါဘူး

   ပြီးတော့မင်းရဲ့နေရာတစ်ကာ ပြသနာရှာပုံအရဆို လူတွေနင့်ကိုမမုန်းမှာတောင် ကြောက်နေမှာပါ အတန်းဖော်တွေကြားက ခင်မင်မှုပျက်မှာကိုနဒီကောင်ကဘယ်တုန်းကစိတ်ပူတတ်သွားတာလဲ ဒီကောင့်စကားကိုဘယ်သူမှယုံမှာမဟုတ်ပါဘူး

    ဒီကောင်က ကျောင်းမှာသူ့ကိုယ်သူအထင်ကြီးပြီး တခြားကျောင်းသားတွေကိုပါမကောင်းတာတွေ သင်ပေးချင်နေတာထင်ရှားပါတယ်

    "ရှပင်"
     ခီရွှဲက ရှပင်ကိုတင်းတင်းကြပ်ကြပ် ဆုံးမလိုက်တယ် "နင်ကျောင်းကိုလာတာ သိုင်းတာအိုဗဟုသုတတွေကိုသင်ယူဖို့ဘဲ အဲ့လိုညစ်ပတ်တဲ့အရာတွေကို လေ့လာဖို့မဟုတ်ဘူး အထက်တန်းကျောင်းသားက မကောင်းတဲ့လူတွေကိုအကာအကွယ်ပေးထားပြီး မကောင်းတာတွေကျူးလွန်နေတဲ့နေရာကိုသွားပြီး အရှက်မရှိတဲ့မိန်းတွေနဲ့ အတူတူသွားရှုပ်တာ နင့်မိဘတွေကျောင်းထားပေးထားတဲ့ကျေးဇူးကို ဆပ်နေတာလား"

God level demon(201-ongoing)Where stories live. Discover now