211

426 55 0
                                    

Uni
=======

အပိုင်း(၂၁၁)   ဘယ်သူမှမင်းကိုမကယ်နိုင်တော့ဘူး

     "ဒါ ပထမအသုတ်ဘဲ"
     သေသွားတဲ့ ကျားရဲအဖွဲ့လက်ရွေးစင်တွေကိုကြည့်ပြီး ရှပင်မျက်လုံးတွေလက်သွားတယ် သူ့မျက်နှာမှာ ဘာအမူအရာမှတော့မရှိပါဘူး ဒီလူတွေကသူ့ကိုသတ်ချင်မှတော့ ပြန်အသတ်ခံရဖို့အတွက်သူတို့တွေပြင်ဆင်ထားသင့်ပါတယ်

     သူ့လက်ရှိခွန်အားအရဆို သိုင်းပညာရှင်အဆင့်၅ နဲ့အထက်သိုင်းသမားတွေနဲ့ ယာယီမယှဥ်နိုင်သေးပေမယ့် သိုင်းပညာရှင်အဆင့်၄ လောက်နဲ့တော့ လွယ်လွယ်ယှဥ်နိုင်ပါတယ်

    ထို့အပြင်သူ့ရဲ့ ဝိညဥ်စွမ်းအားဖြန့်ကျက်နိုင်မှုကလည်း အရမ်းကျယ်ပြန့်သွားပါပြီ သိုင်းပညာရှင်အဆင့်၂ကိုတက်ပြီးနောက်မှာ သူကမီတာ၃၀၀-၄၀၀အတွင်းထိကို ဝိညဥ်စွမ်းအားဖြန့်ကျက်နိုင်နေပါပြီ ခန့်မှန်းရသလောက်ဆိုသူ့ဝိညဥ်စွမ်းအင်ကသိုင်းပညာရှင်အဆင့်၆နဲ့တောင် ယှဥ်နိုင်ပါတယ်

    သူ့ရဲ့ဝိညဥ်စွမ်းအားကို မှီခိုအားထားပြီးတော့ အကြောက်ရွံ့မရှိ သတ်ချင်တဲ့အချိန်သတ် ပြေးချင်တဲ့အချိန်ပြေးလို့ရပါတယ်

    "အမ် ရန်သူတွေရောက်လာပြီ အရင်ရှောင်ရမယ်" အဝေးကနေကြောက်စရာကောင်းတဲ့အော်ရာတွေနဲ့ပြေးလာနေတဲ့ ရန်သူတွေကိုအာရုံခံမိပြီး ရှပင်မျက်လုံးတွေလတ်သွားတယ်

    ရန်သူတွေမမှီလာသေးခင် ရှပင်ကခွန်ပန်ခြေလှမ်းကိုအသုံးပြုပြီး ဝှစ်ကနဲ့ ဂိုထောင်အပြင်ကို ထွက်သွားလိုက်ပါတယ်

    "ရှပ် ရှပ် ရှပ်"
     ရှပင်ထွက်သွားပြီးမကြာခင်မှာဘဲ ကျားရိုင်းအဖွဲ့လက်ရွေးစင် အယောက်ဒါဇင်ကျော်ရောက်လာပြီး ဒီဂိုထောင်ကိုဝိုင်းချလိုက်တယ် သူတို့ရဲ့ခေါင်းဆောင်က ဝတ်စုံအနက်ရောင်ဝတ်ထားတဲ့ သိုင်းပညာရှင်အဆင့်၆ လူလတ်ပိုင်းတစ်ယောက်ဘဲ ဖြစ်ပါတယ်

    "ဘယ်လိုဖြစ်နိုင်မှာလဲ လီဟူတို့တစ်ဖွဲ့လုံးတစ်ယောက်မှမကျန်ဘဲ သေသွားတာလား"

    "ဒီကောင်တွေ သတင်းပေးတာနဲ့ ငါတို့တွေချက်ချင်းလိုက်လာတာလေ ဒါတောင်မမှီလိုက်ဘူးလား"

God level demon(201-ongoing)Where stories live. Discover now