323+324+325+326

448 74 1
                                    

အပျိုငျး(၃၂၃)  လက်သီးတစ်ချက်

    "အဆုံးသတ်ပြီ!"
     ရန်သူဘက်ကစပြီးတိုက်ခိုက်လိုက်တာကိုတွေ့ပြီး ဖန်းဟိုက်ထန်ကြောက်ဒူးတုန်သွားပါတယ် ဒီဂတုံးကလူဝေဟိုင်လိုပါရမီရှင်မျိုးနဲ့ယှဥ်လို့မရပေမဲ့ သိုင်းပညာရှင်အဆင့်၇ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်

    အနည်းဆုံးတော့သူတို့လို သိုင်းပညာရှင်အဆင့်၃တွေထက်ကို အများကြီးပိုအားကြီးပါတယ်

    ဒါပေမဲ့ဒီဂတုံးက ရန်သူ့အဖွဲ့ထဲကသာမန်အဖွဲ့ဝင်တစ်ယောက်သာဖြစ်ပါတယ် အကယ်၍ကြေးစားလူသတ်သမားတစ်ဖွဲ့လုံးသာဝင်လာမယ်ဆိုရင် သူတို့တွေသေပါပြီ

    "သေစမ်း ဒီမျိုးမစ်ငါ့အတွက်သေစမ်း!" လူဝေဟိုင်မျက်နှာတွေခက်ထန်ပြီး စိုက်ကြည့်နေလိုက်တယ်

    သူကရှပင်သေတဲ့ဝေဒနာခံစားရတာကို ကြည့်ဖို့အတွက် ယင်အလောင်းတောင်ကိုကိုယ်တိုင်အရဲစွန့်လာပြီး နှလုံးသားထဲကအမုန်းတရားတွေကို မျက်လုံးနဲ့ဖြေဖျောက်ချင်တာပါ

    "ငရဲသွားပေတော့!"
    လူမိုက်ဂတုံးက ဒေါသနဲ့အော်ဟစ်ပြီးသူ့ကိုယ်ထဲကအစစ်အမှန်ချီတွေကိုလည်ပတ်လိုက်ပြီး ခွန်အားကြီးနဲ့ခုန်ထွက်လိုက်တာနဲ့ မြေကြီးမှာကြောက်မက်ဖွယ်အက်ကြောင်းတွေပေါ်လာခဲ့ပါတယ်

   သူတစ်ကိုယ်လုံးကကြွက်သွားတွေဖောင်းကြွနေပြီး သူ့လက်သီးချက်ကလည်းဆင်တစ်ကောင်ကိုတောင် အသာလေးသတ်နိုင်လောက်အောင် ကြောက်ဖို့ကောင်းပါတယ်

    ဂတုံးရဲ့တိုက်ခိုက်မှုကိုတွေ့တာနဲ့ ရှပင်မျက်နှာမှာခံစားချက်မဲ့စွာနဲ့ ခြေဆောင့်နင်းပြီး လေထဲကိုလက်သီးတစ်ချက်ပစ်သွင်းလိုက်တယ်

    ဒီလက်သီးမှာသူ့အစစ်အမှန်ချီတွေသိပ်သည်းနေပြီး လေထုတုန်ခါကာ တောဘုရင်ခြင်္သေ့ဟိန်းသံသဲ့သဲ့ထွက်ကာ တောတောင်ကိုတုန်ခါသွားစေပါတယ်

   ဒီလက်သီးမှာ အရမ်းကြောက်စရာကောင်းတဲ့အားတွေပါဝင်ပါတယ် သူတို့နှစ်ယောက်အလယ်မှာ မီတာတစ်ရာကျော်ကွာဝေးတာကြောင့် လူမိုက်ဂတုံးကခုန်လိုက်ပြီးရှပင်ဆီကို မရောက်သေးပါဘူး

God level demon(201-ongoing)Where stories live. Discover now