377+378+379+380+381+382

454 62 0
                                    

အပိုင်း(၃၇၇)  သေဖို့အတွက်နေရာကောင်းဘဲ

    ဒီစကားတွေကြားတာနဲ့ ရှပင်စိတ်ထဲမှာဒေါသတွေဖြစ်လာပြီး ရှူဘိုခွမ်တို့ကိုမျက်မှောင်ကြုံ့ကာစိုက်ကြည့်လိုက်ပါတယ် ဂျန်းရရူတို့နောက်မှာ ဘုရင်အဆင့်ဆရာတွေရှိတာကို ဒီလူတွေမသိလောက်သေးပါဘူး မဟုတ်ရင်ဒီစကားမျိုးသူတို့ပြောရဲမှာမဟုတ်ပါဘူး ဘုရင်အဆင့်အဆင့်သိုင်းသမားကို ပုတ်ခတ်ရဲတာသေကြောင်းကြံနေတာနဲ့ အတူတူပါဘဲ
   
     ဒါပေမဲ့ဒီအကြောင်းတွေကို သူထုတ်မပြောဘဲ ဒီလူတွေဘာလှည့်ကွက်သုံးချင်နေလဲဆိုတာကို ဆက်ပြီး စောင့်ကြည့်နေလိုက်တယ်

    "မဟုတ်ဘူး ဦးလေးဘိုခွမ် ဒီလိုပြောတာအရမ်းလွန်သွားပြီ"

     အနီးနားမှာရှိတဲ့ရှူယူလွန်က အနည်းငယ်ပြုံးပြီးပြောလိုက်တယ် "ဘာဘဲဖြစ်ဖြစ်ဒီကောင်ကလည်း ဧရာမကုမ္ပဏီနောက်ခံရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဘဲလေ ဒီလိုအရမ်းလုပ်လို့ဘယ်ဖြစ်မလဲတကယ်လို့ တိုက်ခိုက်မယ်ဆိုရင်နှစ်ဖက်လုံးပျောက်ကွယ်သွားနိုင်တာကြောင့် ဘယ်သူ့အတွက်မှမကောင်းဘူး"

    "မင်းစိတ်အေးအေးထားပါ ဒီနေ့ငါလာရတာငါတို့နှစ်ဖက်လုံး ရန်ငြိုးရန်စတွေကိုပြေလည်အောင်ရှင်းလို့ရမလားလို့ မင်းနဲ့စိတ်အားထက်သန်စွာ ဆွေးနွေးချင်လို့ပါ ငါတို့နှဈယောကျလုံးကရနျဟှမျတက်ကသျိုလျကြောငျးသားတှဆေိုတော့ တစ်ဖက်တည်းသားတွေဘဲလေ ငါမင်းကိုဆိုးကျိုးဖြစ်အောင်မလုပ်ပါဘူး"
သူ့မှာမကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူးဆိုပြီး ကျိုးနွံစွာနဲ့ပြောလိုက်တယ်
  
    "မင်း ငါ့နဲ့ဆွေးနွေးချင်တာလား?" ရှပင်ပေါ့ပေါ့ပါးပါးဘဲမေးလိုက်တယ် ဒါပေမဲ့သူ့စိတ်ထဲမှာတော့ သရော်လိုက်ပါတယ် ဒီလူတွေမှာမကောင်းတဲ့ရည်ရွယ်ချက်ကြီးတွေရှိနေတာ သူမသိဘဲမနေပါဘူး

    ဒါပေမဲ့လက်ရှိသူ့ရဲ့ခွန်အားကြောင့် သိုင်းဆရာအဆင့်တွေနဲ့ရင်ဆိုင်ရရင်တောင် ရှပင်နည်းနည်းမှမကြောက်တော့ပါဘူး ဒီလူတွေဆီမှာဘာအကြံစည်တွေရှိနေလဲဆိုတာ သူကြည့်ချင်နေပါတယ်

    "ဟုတ်တယ် ငါတို့ဆွေးနွေးချင်နေတာ" ရှူယူလွန်ကခေါင်းငြိမ့်လိုက်ပြီး "ဒါပေမဲ့ဒီနေရာက စကားပြောလို့မကောင်းဘူး ငါ့နဲ့လိုက်ခဲ့ ငါတို့
သိုသိုသိပ်သိပ်နေရာတစ်ခုကို ရှာပြီးမှဆက်ပြောရအောင်"

God level demon(201-ongoing)Where stories live. Discover now