362+363

411 61 0
                                    

အပိုင်း(၃၆၂) ဘလိတ်ဓားသမားအသင်းရဲ့ထိတ်လန့်မှု

      ဒီအခြိနျမှာရနျဟှမျတက်ကသျိုလျ သိုင်းခန်းမတစ်ခုရဲ့ တံခါးပေါက်မှာ ရွှေရောင်တောက်နေတဲ့ ကမ္ပည်းကျောက်စာပြားချိတ်ထားပြီး အပေါ်မှာ စာလုံးကြီးသုံးလုံးနဲ့ "ဘလိတ်ဓားသမားအသင်း" ဆိုပြီးရေးသားထားပါတယ် ဒီစာလုံးတွေကိုလက်ရေးအလှနဲ့ရေးသားထားပြီး အာဏာရှင်လို အရှိန်အဝါတွေထွက်နေပါတယ်

    ဒီအချိန်ဂိတ်ပေါက်ဝမှာ ဘလိတ်ဓားသမားအသင်းအဖွဲ့ဝင်တစ်အုပ် အတူတကွစုဝေးနေကြပါတယ်

    "ဟိုငကြောက်ရှပင်ရုတ်တရက်ပေါ်လာတယ်ဆိုတဲ့သတင်းကို မင်းတို့ကြားပြီးပြီလား?"

    "ကြာပြီးပြီ ဒီသတင်းကို မကြားစရာလား ရန်ဟွမ်တက္ကသိုလ်တစ်ခုလုံးတောင် သိနေကြပြီ အဲ့ကောင်ကသတ္တိအရမ်းကောင်းတယ် တစ်ယောက်တည်းနဲ့ဓားသမားအသင်းတစ်ခုလုံးကို ရှင်းပြစ်သွားတာ ဓားသမားအသင်းဥက္ကဌတောင် အဲ့ကောင်ကြောင့်ဆေးရုံရောက်နေပြီး ပြန်ကောင်းလာနိုင်လားမသိသေးဘူး"

    "ဒီရှပင်က အရမ်းအပေါ်စီးဆန်တာဘဲ သူတစ်ယောက်တည်းနဲ့ ဓားသမားအသင်းမှာသွားသောင်းကျန်းရဲတယ် ဒီဓားသမားအသင်းရဲ့အဖွဲ့ဝင်ကောင်တွေကလည်း သောက်ရူးတွေဘဲ ဟိုကောင်ပြဿနာရှာဖို့လာတာကို သူ့နဲ့တစ်ယောက်ချင်းသွားပြီး တိုက်ခိုက်နေစရာလား အားလုံးပေါင်းပြီး ဒီကောင့်ကိုသတ်ကြပေါ့"

     "အားလုံးပေါင်းတိုက်ပြီးပြီ ငါ့ယီးတောင်အသုံးမဝင်ဘူး ဒီကောင်ရှပင်တစ်နေရာတည်းမှာမလှုပ်ဘဲရပ်နေပြီး သူတို့စိတ်ကြိုက်ပေးထိုးတာတောင် ဟိုကဘာမှမဖြစ်ဘဲ သူတို့တွေဘဲခြေကုန်လက်ပန်းကျသွားတယ်တဲ့ နောက်ဆုံးမှာရှပင်က နဂါးလိုလိုကျားလိုလို အားအင်အပြည့်နဲ့ပြန်လည်တိုက်ခိုက်ပြီး ဒီဓားသမားအသင်းအဖွဲ့ဝင်တွေကို ငယ်သံပါအောင်ငိုကြွေးတဲ့အထိရိုက်နှက်ခဲ့တယ်တဲ့ ပြောကြတာတော့ သူတို့ရဲ့သနားစရာငိုကြွေးသံတွေကို ၃ကီလိုမီတာကျော်ကနေတောင် ကြားရတယ်ဆိုဘဲ"

    "ငါသိတာပေါ့ အဆိုးဆုံးက ဓားသမားအသင်းရဲ့ကမ္ပည်းကျောက်စာပြားယူသွားခံလိုက်ရပြီး သူတို့မျက်နှာတွေလုံးဝပျက်သွားတာဘဲ ဒီကောင်ရှပင်က ဓားသမားအသင်းကိုမျက်နှာသာလုံးဝမပေးဘဲ ပါးရိုက်လိုက်တယ်တဲ့"

God level demon(201-ongoing)Where stories live. Discover now