312+313+314+315

402 60 1
                                    

အပိုင်း(၃၁၂)   ကိုယ်ပိုင်အာကာသယာဥ်ဝယ်ယူခြင်း

   ရန်ဟွမ်တက္ကသိုလ်ရဲ့ အာကာသယာဥ်အရောင်းပြခန်းမှာ -

   "အစ်ကိုကြီး မင်းငါတို့ကိုဒီနေရာဘာလို့ခေါ်လာတာလဲ?" ဖန်းဟိုက်ထန်ကရှပင်ကိုပဟေဋ္ဌိနဲ့ ကြည့်လိုက်တယ် သူတို့တွေအခုခမ်းနားထည်ဝါပြီး ဇိမ်ခံအထက်တန်းလွှာအော်ရာတွေနဲ့ပြည့်နေတဲ့ အာကာသယာဥ်အရောင်းပြခန်းကို ရောက်နေတာပါ

   သူ့လိုအထက်တန်းလွှာမိသားစုကလူတောင် ဒီလိုအဆင့်မြင့်နေရာမျိုးကို တစ်ခါမှမရောက်ဖူးပါဘူး တခြားအကြောင်းပြချက်ကြောင့်မဟုတ်ဘဲ ဒီနေရာကအရာတွေကအရမ်းစျေးကြီးလွန်းလို့ဖြစ်ပါတယ်
 
    သာမာန်အာကာသယာဥ်တစ်စင်းတောင် ကုဋေရာချီတန်တဲ့အတွက် ဘယ်သူက တတ်နိုင်မှာလဲ

    နန်ဂုန်ဝူ ချူရွန်းနဲ့ဂျန်းရရူတို့လည်း နည်းနည်းရှက်နေပြီး ဘာလုပ်ရမှန်းမသိဘဲရှပင်ကိုကြည့်လိုက်ပါတယ်

    "ဘာမှမဟုတ်ပါဘူး အာကာသယာဥ်ဝယ်ဖို့လာတာပါ လက်မှတ်တွေရောင်းကုန်သွားတယ်မလား အဲ့တာကြောင့်ငါအာကာသယာဥ်တိုက်ရိုက်ဝယ်ပြီးပျံသွားဖို့ ဒါဆိုငါတို့လက်မှတ်ဝယ်စရာမလိုတော့ဘူးပေါ့"
     ရှပင်ကပေါ့ပေါပါးပါးပြောလိုက်တယ်

    "အာကာသယာဥ်ဝယ်မယ်?" ဖန်းဟိုက်ထန်ပါးစပ်တွေတွန့်သွားတယ် ဒါမျိုးကိုသူတစ်ခါမှမကြားဖူးပါဘူး အာကာသယာဥ်လက်မှတ်ဝယ်လို့မရတာနဲ့ အာကာသယာဥ်ကိုဝယ်တယ်ဆိုတာ အရမ်းအရမ်းကိုဂုဏ်မောက်လွန်းတာဖြစ်ပြီးပိုက်ဆံကိုပိုက်ဆံလိုမဆက်ဆံတာပါ
   
    ဂျန်းရရူတို့တွေလည်း နားလည်သွားကြတယ် ယင်အလောင်းတောင်ကို လက်မှတ်ဝယ်စရာမလိုဘဲ သွားလို့ရတယ်လို့ရှပင်ယုံကြည်မှုပြည့်နေတာ ဒါကြောင့်ကိုး တကယ်လို့ကိုယ်ပိုင်အာကာသယာဥ်ဝယ်လိုက်မယ်ဆိုရင် ကိုယ့်အာကာသယာဥ်နဲ့ကိုယ် တိုက်ရိုက်သွားလို့ရတာ အမှန်ပါဘဲ

    ပြဿနာက အာကာသယာဥ်ဆိုတာ ကြောင်ခလေး ခွေးခလေးတွေကစားစရာမဟုတ်တာကြောင့် စျေးအပေါဆုံးအာကာသယာဥ်တောင် ဖက်ဒရယ်ဒေါ်လာ ကုဋေရာချီတန်ပါတယ် စျေးကြီးတာတွေဆိုပြောမနေနဲ့တော့ ဒေါ်လာကုဋေသောင်းချီတန်တာတွေတောင်ရှိပါတယ်
     
   "မစ္စတာရှ"
   ဒီအချိန်မှာ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ လူလတ်ပိုင်းတစ်ယောက် ရှပင်တို့တွေရှေ့ကိုပြုံးပြီးရောက်လာပါတယ် သူကဒီအာကာသယာဥ်အရောင်းပြခန်းမန်နေဂျာဖြစ်ပါတယ်

God level demon(201-ongoing)Where stories live. Discover now