260+261+262

506 74 1
                                    


အပိုင်း(၂၆၀)   အဝတ်ဒီဇိုင်းသစ်

    ဝှစ်!
  
   ဂတုံးနဲ့တစ်ကောင်က သုံပေရှည်တဲ့မိုးပြာရောင်ဓားတစ်ချောင်းကိုကိုင်ကာ အရိုးထဲထိအေးစက်တဲ့ဓားချီတွေကိုကိုယ်ကနေထုတ်ဖော်လိုက်တယ် သူ့ဓားတစ်ချက်ခုတ်ချလိုက်တာနဲ့ မွပွေငျတောငျနှဈပိုငျးဖွဈတော့မလျိုဖွဈသှားပါတယျ

    ဒီလူကသေချာပေါက်ဓားတာအိုကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး သူ့ခွန်အားကရှူရန်ကျီအန်ထက်မနိမ့်ပါဘူး သူ့ဓားချက်ကနေ ဘယ်ဟာကအစစ် ဘယ်ဟာအအတုလဲဆိုတာ သာမန်လူမျက်စိနဲ့မမြင်နိုင်တဲ့ဓားရိပ်တွေလေထဲမှာပေါ်လာပါတယ်

   သူ့ရဲ့ညာဘက်မှာတော့ မိုးပြာရောင်အဝတ်အစားဝတ်ထားတဲ့ စာမေးပွဲဖြေသူက
ဘလိတျဓားကျိုကိုငျပွီးရကျနပေါတယျ သူ့ဓားတစ်ချက်မြှောက်လိုက်တာနဲ့ မိုးခြိမ်းသလိုအသံထွက်ပြီး ပြိုင်ဘက်ကင်းဘလိတ်ဓားရိပ်တွေထွက်ပေါ်လာပါတယ်
 
    ဒီဓားသိုင်းကလျင်မြန်ပြီး ဓားတစ်ချောင်းစီကသေစေလောက်တဲ့ သတ်ဖြတ်ချင်းအော်ရာတွေပါဝင်ပါတယ် ဒီဓားချီတွေကရှပင်ကိုပစ်မှတ်ထားတာတောင် ပတ်ဝန်းကျင်ကစာမေးပွဲဖြေသူတွေကို ကြောက်ရွံ့သွားစေဖို့လုံလောက်ပါတယ်

    ဘယ်ဘက်မှာလည်းအမွှာလို့ထင်ရတဲ့ လက်သီးသိုင်းကျွမ်းကျင်သူနှစ်ယောက်ရှိနေပါတယ် ဒီနှစ်ယောက်ရဲ့လှုပ်ရှားမှုနည်းစနစ်တွေက တစ်ကိုယ်တည်းကထွက်လာသလို တစ်ယောက်နဲ့တစ်ယောက် တညီတညာတည်းဖြစ်နေကာ သူတို့ရဲ့လက်သီးတွေက ကျားရိုင်းတစ်ကောင်လို အနှိုင်းမဲ့အော်ရာတွေပါဝင်နေပါတယ်

    သူတို့ရဲ့ခြေရာတွေကို မြေပြင်မှာဆောင့်နင်းချလိုက်တာနဲ့ ခြေတစ်ချာင်းစီအောက်မှာ တွင်းနက်ကြီးတွေပေါ်လာပြီး မြေပြင်တုန်လှုပ်သွားပါတယ် အနီးနားကလူတွေတောင်ဒီနှစ်ယောက်စီကထွက်လာတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့အရှိန်အဝါကို ခံစားရပါတယ်

    သူတို့ထဲမှာ မျက်နှာတွေလေးလေးနက်နက်နဲ့ လှံရှည်ကိုကိုင်ထားကြတဲ့ ကျွမ်းကျင်သူနှစ်ယောက်လည်းပါဝင်ပြီး သူတို့ရဲ့လှံပစ်ချက်တွေက ရန်သူ့လည်မျိုကိုဖောက်ထွက်ပြီးသွေးပန်းသွားအောင် အလွယ်တကူလုပ်နိုင်ပါတယ်
 
    "ရုပ်လှလှနဲ့ကောင် သေပေတော့ကွာ"

God level demon(201-ongoing)Where stories live. Discover now