286+287+288

435 52 0
                                    

အပိုင်း(၂၈၆) အခုလျိုနှေးနှေးထှေးထှေးကမျးလှမျးတယျဆိုတော့ငွငျးရခကျတယျ

"ပိုက်ဆံကိစ္စက ဘာမို့လို့လဲ ပိုက်ဆံအကြောင်းပြောတာ မိတ်ဆွေခံစားချက်တွေကို အတော်ထိခိုက်စေတယ်" ရှပင်က လက်ခါယမ်းပြီးပြောလိုက်တယ်

"မဟုတ်ဘူး ပိုက်ဆံကပေးရမှာပေါ့"

"အဟုတ်ဘဲ အစ်ကိုကြီးရှကငါတို့အတွက်အများကြီးပေးဆပ်ပြီးသေလုနီးပါးဖြစ်ထားတာ အဲ့တာနဲ့ယှဥ်ရင် ပိုက်ဆံကဘာမှမဟုတ်ဘူး"

"မှန်တယ် အစ်ကိုကြီးပိုက်ဆံလက်မခံရင် ကျွန်တော်တို့ကိုမျက်နှာသာမပေးတာနဲ့ တူတူဘဲ ငါတို့အကိုကြီးကိုစိတ်ပူတယ်"

"ကျွန်တော်တို့အိမ်ပြန်ရောက်တာနဲ့ ဘဏ္ဍာငွေတွေလွှဲပေးလိုက်ပါ့မယ်"

"ဟုတ်တယ် အစ်ကိုကြီးသိထားရမှာက ပိုက်ဆံနဲ့ ကျန်းမာသန်စွမ်းစေတဲ့ဆေးဝါးတွေဝယ်လို့ရတယ် ကပ်စေးနည်းပြီးမကုဘဲထားရင်ကိုယ်ထဲမှာပုန်းကွယ်နေတဲ့အန္တရာယ်တွေကျန်ခဲ့မယ်ဆိုအစ်ကိုကြီးအတွက်မကောင်းဘူး"

"တခြားလူတွေကို အဆင်မပြေအောင်လုပ်လို့ရပေမဲ့ ကိုယ့်ကိုယ်ကိုတော့အဆင်မပြေအောင်လုပ်လို့မရဘူးလေ ငါတို့မှာပိုက်ဆံတွေအများကြီးရှိတယ် ငါတို့အတွက်အားနာစရာမလိုဘူး"

ရှပင်စကားတွေကြားတာနဲ့ စာမေးပွဲဖြေသူတွေတစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြတယ်

လခွမ်း!
ဂျန်းရရူနဲ့ တခြားသူတွေကဆွံ့အသွားကြတယ် နဂိုကတော့ဒီလူတွေကရှပင်တို့အရိုက်ခံရပြီး ပိုက်ဆံသန်းရာပေါင်းများစွာ ငွေညှစ်ခံထားရတဲ့ဒုက္ခသည်တွေပါ အဲ့တာကြောင့်သူတို့တွေက ရှပင်ကိုမုန်းသင့်ပါတယ်

ဒါပေမဲ့အခုတော့ တစ်ယောက်ချင်းစီက ရှပင်ကဘဲ သူတို့အဖေလိုဂရုတစိုက်နဲ့ ကျန်းမားရေးကောင်းအောင်ဆေးဝါးတွေဝယ်ဖို့ ပိုက်ဆံပေးနေကြပါတယ် ဒါကဘယ်လိုဖြစ်ရတာပါလဲ?

ဒါကဒုက္ခသည်တွေရဲ့သဘောထားလား? နည်းနည်းတော့မူမမှန်ပါဘူး

"ညီငယ်လေးတွေကအခုလိုနွေးထွေးစွာနဲ့ ပေးကမ်းချင်နေမှတော့ အစ်ကိုကြီးငြင်းရခက်သွားပြီ လူတိုင်းကအခုလိုနွေးထွေးနေမှတော့ ငါမလေးမစားနဲ့ လက်ခံလိုက်ပါ့မယ်" ရှပင်ကလက်နှစ်ဖက်ကိုရင်ဘတ်ရှေ့မှာ စုပ်ပြီး အားနာတဲ့မျက်နှာထားနဲ့ပြောလိုက်တယ်

God level demon(201-ongoing)Where stories live. Discover now