218

445 59 0
                                    

Uni
=======
အပိုင်း (၂၁၈ )   လနက်မြို့တုန်လှုပ်သွားခြင်း

    ကြွယ်ဝမှုလား?
   
    သေသွားတဲ့လူလိုင်ကိုကြည့်ပြီး ရှပင်ကသရော်လိုက်တယ် သွေးလက်ဝါးအဖွဲ့အစည်းရဲ့ပိုင်ဆိုင်မှုကုဋေတစ်ထောင်က သူ့အတွက်ဘာမှမဟုတ်ပါဘူး ပြီးတော့ဒီပိုက်ဆံတွေကငွေမဲတွေ ဖြစ်တာကြောင့် ယူပြီးရင်သူ့အတွက်ပြသနာတွေပိုရှုပ်စေမှာပါ  

    သူ့ရဲ့ဝတ္ထုရေးတဲ့လစာနဲ့တင် နှစ်တိုင်းနှစ်တိုင်းကုဋေတစ်ရာလောက်ရှာနိုင်ပါတယ်

    နောက်ပြီးဧရာမကုမ္ပဏီကိုဝင်ပြီးတာနဲ့ သူ့သိုင်းတာအိုကျင့်ကြံခြင်းအဆင့်တွေတဖြည်းဖြည်း မြင့်လာရင် သားရဲအများအပြားကို အမဲလိုက်သတ်ဖြတ်ပြီး ရှာနိုင်မဲ့ပိုက်ဆံကမှန်းလို့တောင်မရနိုင်ပါဘူး ဒီလူလိုင်က သူ့ကိုပိုက်ဆံနဲ့သွေးဆောင်ချင်တာ အရမ်းကိုမိုက်မဲလွန်းတယ်ပြောရမှာပါ

    "စမ်းသပ်မှုလည်းပြီးသွားပြီဆိုတော့ ငါပြန်သင့်ပြီ" သေနေတဲ့လူလိုင်အလောင်းကိုအသာကြည့်ကာ ရှပင်လှည့်ပြီးလမ်းလျှောက်ထွက်သွားပါတယ် ရာဇဝတ်ဂိုဏ်းကြီး၃ခုရဲ့ လက်ရွေးစင်အများစုကို ဖျက်ဆီးပြီးနောက်မှာ သူထွက်သွားတာကို ဘယ်သူမှတားနိုင်တော့မှာမဟုတ်ပါဘူး

    ဝှစ်
    သူ့ပုံရိပ်က လနက်မြို့လေဆိပ်ဘက်ကိုတဖြည်းဖြည်းလျှောက်သွားရင်း ပျောက်ကွယ်သွားပါတယ်

......................

     ရှပင်ထွက်သွားတာ အချိန်အချို့ကြာတဲ့အခါမှာ လူလိုင်ကိုလူရှေ့သူရှေ့မှာ သူကိုယ်တိုင်သတ်ပစ်လိုက်တယ်ဆိုတဲ့သတင်းနဲ့  ရာဇဝတ်ဂိုဏ်းကြီးသုံးခုကလက်ရွေးစင်အများစုကို ထောင်ခြောက်ဆင်ပြီး မြေမြှုပ်သဂြိုလ်လိုက်ဆိုတဲ့သတင်းက ပေါက်ကြားသွားပါတယ်
 
    ဒီကိစ္စကိုကြားတာနဲ့လနက်မြို့တစ်မြို့လုံး အုတ်အောသောင်းနင်း ဖြစ်သွားကြပါတယ်

    "နတ်ဆိုးဘုရင် ဒီအဖော်မဲ့သိုင်းသမားကသေချာပေါက်လူယောင်ဆောင်ထားတဲ့ နတ်ဆိုးဘုရင်ဘဲ"

    "တကယ့်ကို ရက်စက်တာဘဲ မထင်မှတ်ဘဲရာဇဝတ်ဂိုဏ်းကြီးသုံးခုရဲ့ လက်ရွေးစင်တွေကိုအတူတကွ မြေမြှပ်သဂြိုလ်လိုက်တာ  လူဘယ်လောက်တောင်အသတ်ခံလိုက်ရမလဲမသိဘူး ခန့်မှန်းရသလောက်ဆို ဒီမြေအောက်အဖွဲ့အစည်းကြီးသုံးခုရဲ့ ဒီတစ်ခါထိခိုက်မှုက ပြန်ကောင်းဖို့မလွယ်တော့ဘူး"

God level demon(201-ongoing)Where stories live. Discover now