327+328+329+330

455 62 0
                                    

အပိုင်း(၃၂၇)   လှည့်စားခံရခြင်း

     ပြီးတာနဲ့ရှပင်က ဂျန်းရရူတို့အုပ်စုကနေခွဲထွက်သွားလိုက်တယ် ရှူဂျီအန်နွှာတို့တွေ သူ့ကိုလိုကျဖမျးနတေဲ့ကိစ်စကျို ဂျန်းရရူတို့ကိုသူရှင်းပြလိုက်ပြီး သူဘယ်လိုသိလဲဆိုတာကိုတော့အသေးစိတ်မရှင်းပြတော့ပါဘူး
   
    ဘာကြောင့်လဲဆိုတော့ ဂျန်းရရူတို့တွေသာ သူ့နားမှာဆက်နေမယ်ဆိုရင် သူတို့ကိုပါပြဿနာထဲဆွဲထည့်သလိုဖြစ်နေပြီး သူ့အတွက်လဲဝန်ထုပ်ဝန်ပိုးဖြစ်စေမှာပါ သူတစ်ယောက်တည်းဆိုရင်တော့ ရှူဂျီအန်နွှာတို့ကို ရင်ဆိုင်ဖို့ပိုလွယ်ကူပါတယ်

    ရှူဂျီအန်နွှာတို့က သူ့အော်ရာကိုဘဲရထားတဲ့အတွက် လိုက်ဖမ်းရင်သူ့နဲ့ဘဲတွေ့မှာပါ

    "ငါသွားတော့မယ် နင်တို့ဂရုစိုက်ကြ"
   
    ဒီစကားတွေပြောပြီးတာနဲ့ ရှပင်ဒီနေရာက ချက်ချင်းထွက်ခွါသွားတယ်  
 
    "ရှူဂျီအန်နွှာတို့တွေ တကယ်ဘဲလိုက်ဖမ်းလိမ့်မယ်လို့ မထင်ထားဘူး တကယ်ရက်စက်ညှာတာမှုကင်းတာဘဲ"

    "မျိုးနွယ်စုကြီးတွေတိုင်းရဲ့ ဂျူနီယာတွေရဲ့ပင်ကိုယ်စရိုက်တွေကိုက ရက်စက်ကြတယ်လေ သူတို့ကိုခြိမ်းခြောက်တဲ့ဘယ်ရန်သူကိုမဆို လုံးဝမညှာတာတတ်ဘူး"

    "ရန်ဟွမ်တက္ကသိုလ်လို နေရာတိုင်းစောင့်ကြည့်ကင်မရာတွေရှိတဲ့နေရာမျိုးမှာတောင် တိုက်ခိုက်ရဲမှတော့ သူတို့မလုပ်ရဲတာဘာရှိအုံးမှာလဲ"

    "ဒါနဲ့သူတို့လိုက်ဖမ်းတယ်ဆိုတာကို ရှပင်ကဘယ်လိုသိတာလဲ?"
  
    "မသိဘူးလေ ရှပင်မှာသေချာပေါက်ကိုယ်ပိုင်လျို့ဝှက်ချက်ရှိရမယ် ငါတို့မမေးသင့်ဘူး"

    "အမှန်ဘဲ အခုအရေးကြီးဆုံးက ကိုယ့်ခွန်အားကိုယ် မြှင့်တင်ရမယ် နောက်မဟုတ်ရင်အမြဲတမ်းရှပင်ဘဲ ငါတို့ကိုကူညီနေရမယ်"

    "ဟုတ်တယ် အခုဖုတျကောငျတှကျေို အမဲလိုက်ပြီး ကျောင်းအမှတ်တွေလဲလှယ်ရမယ် ဒီနေရာမှာအချိန်ကုန်နေလို့မဖြစ်ဘူး"

    ဂျန်းရရူတို့တွေ အချင်းချင်းဆွေးနွေးလိုက်ကြပြီး ဒီနေရာမှာဆက်မနေတော့ဘဲ အဝေးကိုသွားကာ ဖုတ်ကောင်ကိုဆက်ပြီး အမဲလိုက်ကြပါတယ်

God level demon(201-ongoing)Where stories live. Discover now