463+464+465+466+467+468+469+470+471+472

549 46 3
                                    

အပိုင်း(၄၆၃) ဝိညဥ်မွန်းစတား သတ္တုရိုင်းကြော

"အမ်, ကျင့်ကြံလို့ပြီးသွားပြီလား? ကြည့်ရတာသုံးရက်တံခါးပိတ်ကျင့်ကြံတာ ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိတယ်ထင်တယ်
မထင်မှတ်ဘဲ ကောင်းကင်ဘုံအလွှာအဆင့်၃သိုင်းဆရာအဆင့်ရောက်နေပြီ တကယ်တော်တာဘဲ" ဂိုဒွန်းဟိုင်မျက်လုံးတွေက အရမ်းစူးရှပြီး ပုံရိပ်ယောင်ဆက်သွယ်မှုကနေတောင် ရှပင်ရဲ့လက်ရှိအခြေအနေက လွန်ခဲ့တဲ့သုံးရက်ကနဲ့မတူတော့ဘဲ အများကြီးခွန်အားကြီးလာတယ်ဆိုတာ သူသိရပါတယ်

အရင်က ရန်ဟွမ်တက္ကသိုလ်သင်ကြားရေးဒါရိုက်တာကျိုးရန်နဲ့ သူဖုန်းပြောရင်း ဒီလူငယ်လေးဟာ အတော်တော်တဲ့ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ကျောင်းလူကြီးတွေကတောင် အလေးထားတဲ့ကျောင်းသားဆိုတာကိုသူသိခဲ့ရပါတယ် အခုကြည့်ရတာ ကျိုးယန်ပြောတဲ့အတိုင်းမှန်ပါတယ်

လက်ရှိမှာသူက ဂရန်းမာစတာတစ်ယောက်ဖြစ်တာတောင် ရှပင်ကျင့်ကြံနှုန်းကိုမြင်ပြီး အလွန်လေးစားစွာနဲ့ ပင့်သက်ရှိုက်လိုက်ပါတယ် အကယ်၍အချိန်ပေးမယ်ဆိုရင် ဒီလူငယ်က သူ့ကိုအသာလေး ကျော်တက်သွားမှာပါ

"တကယ် အကျိုးသက်ရောက်မှုရှိတယ်" ဒီအကြောင်းတွေရှပင်မဆွေးနွေးချင်ဘဲ တည့်မေးလိုက်တယ် "ဒါနဲ့မြို့သခင် ကျွန်တော့်ကိုခေါ်တာ ဘာအရေးကြီးကိစ္စရှိလို့လဲမသိဘူး"

ဂိုဒွန်းဟိုင်ခေါင်းငြိမ့်လိုက်တယ် "အမ်, မင်းကိုကူညီခိုင်းစရာကိစ္စလေးရှိတယ် , လောလောဆယ်မင်းအချိန်ရလားမသိဘူး"

"ဘာကိစ္စကို ကူညီပေးရမှာလဲ?" ရှပင်စပ်စပ်စုစုမေးလိုက်တယ် ဂုဏ်သရေရှိအနောက်ဘက်ကန္တာရမြို့သခင်က မထင်မှတ်ဘဲ သူ့ဆီကအကူအညီတောင်းတာ အံ့သြစရာကြီးဖြစ်ပါတယ်

ဂိုဒွန်းဟိုင်ဖြေလိုက်တယ် "ငါ့စာကြည့်ခန်းလာရင် သိရမယ်" ဒီစကားတွေပြောပြီး သူဖုန်းချလိုက်တယ်

ရှပင်သူ့ ဧည့်ခန်းကိုပြန်ကာ ရေချိုးအဝတ်အစားလဲပြီး မြို့သခင်စာကြည့်ခန်းကိုသွားလိုက်တာနဲ့ တခြားလူတွေတစ်ယောက်မှမရှိပါဘဲ စာကြည့်ခန်းထဲမြို့သခင်တစ်ယောက်ဘဲ ရှိနေတာကို တွေ့လိုက်တယ်

God level demon(201-ongoing)Where stories live. Discover now