221

467 66 1
                                    

Uni
=======
အပိုင်း ( ၂၂၁ )     အတူတူပညာသွားပေးရအောင်

     "နောက်ဆုံးတော့ ပြန်ရောက်ခဲ့ပြီ"  ထိရနျရှုရိီမွို့ကိုခွခေပြွီး အမှတ်၉၅ကျောင်းကို ပြန်ရောက်တာနဲ့ ရှပင်ကပတ်ဝန်းကျင်က ရင်းနှီးတဲ့ရှူခင်းတွေကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ် ဒီတစ်ခါထိရန်ရှုရီမြို့ကနေ တစ်လကျော်လောက်အချိန်ကြာကြီးထွက်ခွါတာ သူ့အတွက်ပထမဆုံးပါဘဲ 

     ဒီရက်တွေကအရမ်းရှည်လျားတယ်လို့ပြောလို့မရပေမယ့် သူ့အတွက်တော့ ကမ္ဘာခြားနေသလိုခံစားရပါတယ်

     ဒါပေမယ့် တက္ကသိုလ်တက်ရင်တော့ထိရန်ရှုရီမြို့ကနေ သူအပြီးထွက်ခွါသွားရတော့မှာပါ ပျံသင်စငှက်တစ်ကောင်ကနေအတောင်တွေစုံတော့မိဘတွေကိုထားပြီးထွက်သွားရတော့မှာပါ ဒါကလည်းသူရွေးချယ်ထားတဲ့ ဘဝလမ်းကြောင်းဘဲဖြစ်ပါတယ်

    ရှပင်က ခေါင်းခါလိုက်ပြီး ဒီအတှေးတှကျေိုခေါငျးထဲကထုတျကာ ကျောင်းထဲကိုလျှောက်သွားလိုက်တယ်

    ဒါပေမယ့်သူကျောင်းထဲကိုရောက်တာနဲ့ ကျောင်းတစ်ကျောင်းလုံးလှုပ်ရှားသွားပြီး အနီးမှာရှိနေတဲ့ကျောင်းသားတွေက တစ်ယောက်ပြီးတစ်ယောက်ရှပင်ကို မှတ်မိသွားကြတယ် အကြောင်းကတော့ ရှပင်ကထိရန်ရှုရီအမှတ်၉၅ကျောင်းရဲ့ ကျော်ကြားတဲ့ဆယ်လီတစ်ယောက်ဖြစ်နေခဲ့ပါပြီ

    ကျောင်းမှာသူ့ကိုမသိတဲ့သူမရှိသလို မကြားဖူးတဲ့သူလည်းမရှိပါဘူး

    "ဟိုမှာမြန်မြန် ကြည့်လိုက်ကြစမ်း အဲ့တာဒဏ္ဍာရီထဲကရှပင်မဟုတ်လား"

    "မဖြစ်နိုင်ဘူးလေ ဒီနေရာမှာဘယ်လိုပေါ်လာမှာလဲ သူတစ်လခွင့်ယူပြီး လနက်မြို့မှာပြည့်တန်ဆာတွေနဲ့ သွားပျော်ပါးတယ်ဆို"

    "နောက်ဆုံးတော့ တစ်လကျော်သွားကျော်သွားပြီလေ သူဘယ်လောက်ဘဲလနက်မြို့ရဲ့ ငြင်သာမှုတွေကိုတမ်းတတမ်းတ ပြန်လာဖို့အချိန်ရောက်ပါပြီ မကြာခင်မှာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေရတော့မှာကိုး"

    "ဆရာကြီးဘဲ သူလနက်မြို့မှာတစ်လလောက်နေခဲ့တာဆိုတော့ ရှိသမျှပြည့်တန်ဆာရုံတွေအကုန်လုံးကို လည်ပတ်ပြီးလောက်ပြီ တစ်နေ့လုံးမိန်းမတွေနဲ့အိပ်ပြီး သူ့အဆုတ်တွေဗလာဖြစ်သွားမှာမကြောက်ဘူးလား"

God level demon(201-ongoing)Where stories live. Discover now