391+392+393+394+395

474 64 6
                                    

အပိုင်း(၃၉၁)   သတ်ဖြတ်ချင်စိတ်

       "သေစမ်းကွာ မထင်မှတ်ဘဲ ဒီကောင်ပြေးသွားတာလား?"
       မီအောင်ဇီလက်သီးတင်းတင်းစုပ်ပြီး ပျောက်ကွယ်သွားတဲ့ရှပင်ကို အလွန်မခံချင်စိတ်နဲ့ ကြည့်လိုက်ပါတယ်

     ဒါပေမဲ့လည်း ဒီကောင်တကယ်လစ်ပြေးသွားလိမ့်မယ်လို့ သူမမျှော်လင့်ထားပါဘူး မြူခိုးတိမ်တောင်ထဲကို ရောက်သွားတာနဲ့ ရှပင်ကိုရှာပြီးလက်စားချေဖို့ မလွယ်ကူတော့ပါဘူး

     "စိတ်မပူနဲ့ သူမလွတ်နိုင်ဘူး"
      နီကျန်းမျက်လုံးတွေ အေးစက်သွားပြီး "ဘာဖြစ်ဖြစ် အသက်ရေကိုတော့သူလိုချင်မှာဘဲလေအဲ့တာကြောင့် မြူခိုးတိမ်တောင်အလဟ်ဗဟိုကိုသူသေချာပေါက်လာကိုလာရမယ် အဲ့ခါကျရင်မင်းဒီကောင်နဲ့ ကောင်းကောင်းစာရင်းရှင်းပေတော့"

     သူ့လေသံထဲမှာ သတ်ဖြတ်ချင်စိတ်တွေမသိမသာပါဝင်နေပါတယ်

     ရှပင်ကိုသူတော်တော်လေး ကြည့်မရပါဘူး ဒီကောင်က လူပေါင်းများစွာအရှေ့မှာ မထင်မှတ်ဘဲသူ့ကို မလေးမစားလုပ်ရဲတာကြောင့် တကယ်လို့သူသင်ခန်းစာမပေးရင် တခြားလူတွေက သူနီကျန်းဟာထိုးချင်သလိုထိုးလို့ရတဲ့လွယ်ကူတဲ့ပစ်မှတ်လို့ထင်နေမှာပါ

     "ညီအစ်ကိုနီ အဲ့ခါကျရင်မင်းလည်း တိုက်ခိုက်ပြီး ဒီကောင်ကိုသတ်ပေးဖို့မျှော်လင့်တယ် အဲ့မျိုးမစစ်ကလူပေါင်းများစွာအရှေ့မှာ မထင်မှတ်ဘဲ ငါ့ကိုအတင်းဒူးထောက်ရအောင်လုပ်တယ် ဒါကကြီးမားတဲ့ အရှက်ရမှုဖြစ်ပြီးသူ့ကိုမသတ်ရမချင်း ငါကျေနပ်မှာမဟုတ်ဘူး" မီအောင်ဇီအံကြိတ်ပြီး သူ့ရဲ့မုန်းတီးမှုတွေက  ကောင်းကင်အထိထောင်တက်နေပါတယ်

    မီအောင်ဇီဆိုတဲ့သူက ဂုဏ်ရှိတဲ့ဘုရင့်မျိုးနွယ်မီအောင်မိသားစုရဲ့ မျိုးဆက်တစ်ယောက်ဖြစ်ပြီးသိုင်းပညာရှင်အဆင့်၉တစ်ယောက်ဖြစ်ကာ စစ်နတ်ဘုရားတက္ကသိုလ်မှာလည်း လူပြောများသူတစ်ယောက်ဖြစ်ပါတယ်
  
    ငယ်စဥ်ကတည်းက သူဟာမောက်မာဝင့်ကြွားလာခဲ့ပြီး နီကျန်းကလွဲရင်ဘယ်သူမှသူ့ကိုမသိမ်းသွင်းနိုင်ပါဘူး

God level demon(201-ongoing)Where stories live. Discover now