308+309+310+311

472 74 0
                                    

အပိုင်း(၃၀၈)  ယင်အလောင်းတောင်

    "နင်တို့တွေစုပေါင်းပြီးရောက်လာကြတာ ဘာကိစ္စရှိလို့လဲ?" ရှပင်မေးလိုက်တယ်

    "အစ်ကိုကြီး ငါတို့တွေအတူတူယင်အလောင်းတောင်ကိုသွားပြီး ဖုတ်ကောင်တွေကိုသတ်ဖို့ အကျိုကွီးကိုလာဖိတျခေါျတာ" ဖန်းဟိုက်ထန်ကချက်ချင်းပြောလိုက်တယ်

   "ယင်အလောင်းတောင်ဆိုတာ ဘာတုန်း?"ရှပင်မျက်လုံးတွေလက်သွားပြီး မေးလိုက်တယ် ဒီရက်အနည်းငယ်အတွင်းသူအိမ်မှာဘဲကျင့်ကြံနေတာကြောင့် ကောင်းကင်တိမ်တိုက်ကမ္ဘာရဲ့ပထဝီအနေအထားအကြောင်းကို ဗဟုသုတမရှိပါဘူး

    "ယင်အလောင်းတောင်ဆိုတာ ရန်ဟွမ်တက္ကသိုလ်ကနေ ကီလိုမီတာ၅၀၀၀အကွာဝေးမှာရှိတဲ့တောင်တန်းကြီးဘဲ"

    ဂျန်းရရူက လေးလေးနက်နက်နဲ့ပြောလိုက်တယ် "သူများတွေပြောကြတာတော့ ဒီတောင်တန်းက တစ်ချိန်တုန်းကလူသားတွေနဲ့သားရဲမျိုးနွယ်တို့တိုက်ပွဲဖြစ်ရာနေရာတဲ့ အဲ့တုန်းက လူသားအယောက်၁၀သန်းကျော်နဲ့ သားရဲမျိုးနွယ်၁၀သန်းကျော် ဆုံးရှုံးမှုရှိခဲ့ပြီး သွေးတွေကမြစ်လိုစီးဆင်းကာ တောင်တစ်ခုလုံးအလောင်းတွေနဲ့ပြည့်သွားတယ်တဲ့"

    "ပြီးတော့ အဲ့တောင်တန်းကအတော်လေးထူးခြားတယ် ယင်ချီတွေအရမ်းသိပ်သည်းပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကအဲ့နေရာမှာ
ဖုတ်ကောင်တွေ အရိုးစုတွေ မကောင်းဆိုးဝါး စတာတွေမွေးဖွားခဲ့တယ်"

    ဒီစကားတွေကြားတာနဲ့ရှပင်က သူ့မေးစေ့ကိုပွတ်ပြီး "ကြားရတာအန္တရာယ်ရှိမဲ့ပုံဘဲ နင်တို့ကဘာလို့ဒီယင်အလောင်းတောင်ကို သွားမှာလဲ?"

   "ယင်အလောင်းတောင်က ဖုတ်ကောင်တွေကိုသတ်ဖို့က ကျောင်းကပေးထားတဲ့ တာဝန်ဘဲ ကျောင်းကငါတို့ကို ဖုတ်ကောင်တွေကိုအချိန်မှန်မှန် ရှင်းစေချင်တယ်"ချူရွန်းက ပြောလိုက်တယ် "ပြောကြတာတာ့ ဒီယင်အလောင်းတောင်မှာဆယ်နှစ်တိုင်းတစ်ကြိမ် အလောငျးအုပျကွိီးပေါျပေါကျလာပွီး မရေတွက်နိုင်တဲ့ဖုတ်ကောင်စစ်တပ်ကြီးက အထဲကနေထွက်လာကာ
အနီးနားက လူသားမြို့တွေကိုဝါးမျိုပြီး ကြီးမားတဲ့ဖျက်ဆီးမှုတွေပြုလုပ်ကြတယ်တဲ့"

God level demon(201-ongoing)Where stories live. Discover now