353+354+355+356+357

403 64 0
                                    

အပိုင်း(၃၅၃) မွူခိုးတျိမျတောငျ

"အစ်ကိုကြီး ကျောင်းဖိုရမ်မှာ အရေးကြီးတဲ့ကိစ္စဖြစ်နေတယ် အဲ့တာအကိုကြီးသိလားမသိဘူး"

ရှပင်ဖုန်းကိုင်လိုက်တာနဲ့ ဖန်းဟိုက်ထန်က ချက်ချင်းစိတ်မရှည်စွာ ပြောလိုက်တယ်

"မတော်တဆလား? ဘာမတော်တဆရှိတာတုန်း?" ရှပင်မျက်တောင်ခတ်ပြီးမေးလိုက်တယ်သူတစ်နေကုန်တံခါးပိတ်ကျင့်ကြံနေတာကြောင့် အင်တာနက်ပေါ်ဘာတွေဖြစ်နေမှန်းမသိပါဘူး

"မနေ့ညနေတုန်းက အစ်ကိုကြီးရဲ့စနက်တံကြောင့် နေရာတိုင်းမှာကျောင်းသားတွေမကျေမနပ်ဖြစ်နေကြတယ် တစ်ချို့စီနီယာကျောင်းသားတွေတောင် အစ်ကိုကြီးကအလွန်မောက်မာပြီးသင်ခန်းစာပေးဖို့လိုနေတယ်လို့ ထင်မြင်ချက်တွေပေးနေကြတယ်"

ဖန်းဟိုက်ထန်ကဆက်ပြီးပြောလိုက်တယ် "နောက်ဆုံးမှာ ဓားသမားအသိုင်းဝိုင်းရဲ့ဥက္ကဌ
မျုဟော်ရန်က ခနလေးကဘဲ အစ်ကိုကြီးကိုသူကိုယ်တိုင်နှိမ်နင်းပြီးတော့ ရနျဟှမျတက်ကသိုလျရဲ့စညျးမြဥျးစညျးကမျးတှကျေို နားလည်အောင်လုပ်ပေးမယ်လို့ ခြိမ်းခြောက်ပြောဆိုထားတယ်"

"ဓားသမားအသိုင်းအဝိုင်းရဲ့ဥက္ကဌတင်မကဘဲလက်သီးသိုင်း အသိုင်းအဝိုင်းဥက္ကဌ, ဘလိတ်ဓားသမားအသိုင်းအဝိုင်း, လက်နက်ပုန်းအသိုင်းအဝိုင်း, အပစ်အခတ်အသိုင်းအဝိုင်း, တုတ်သိုင်းအသိုင်းအဝိုင်းစတဲ့ သိုင်းတာအိုအသင်းအဖွဲ့တွေကလည်း အစ်ကိုကြီးကိုအပြင်မှာတစ်ခါတွေ့ရင် တစ်ခါရိုက်နှက်မယ်လို့ လူသိရှင်ကြားပြောဆိုထားတယ်"
ဒီအကြောင်းတွေကို သူပြောပြလိုက်တယ်

"ဒီလိုကိစ္စမျိုးရှိတာလား?" ရှပင်မျက်မှောင်ကြုံ့လိုက်တယ် ရနျဟှမျတက်ကသျျိုလျမှာအသငျးအဖှဲ့တှအေမြားကွီးရှိတာကို သူသျိပါတယျ ဒီအသင်းအဖွဲ့တွေမှာခမ်းနားကြီးကျယ်တဲ့သမိုင်းရှိပြီး ရန်ဟွမ်တက္ကသိုလ်က ထူးချန်ကျောင်းသားတွေ ပါဝင်ကျပါတယ်

အင်အားကြီးတဲ့အသင်းအဖွဲ့တွေက ကိုယ်ပိုင်လေ့ကျင့်ရေးစင်တာတွေပိုင်ဆိုင်ထားပြီး မြောက်များတဲ့သဘာဝအရင်းအမြစ်တွေ ပိုင်ဆိုင်ပါတယ် ဒါတွေကြောင့်လဲကျောင်းသားတွေကို ဆွဲဆောင်နိုင်တာပါ ဒီအသင်းအဖွဲ့တွေရဲ့ ဥက္ကဌကတော့ လက်ရွေးစင်ထဲကလင်ရွေးစင်ဖြစ်ပြီး အနိမ့်ဆုံးသိုင်းပညာရှင်အဆင့်၉အထွတ်အထိပ်ရှိဖို့လိုအပ်ပါတယ်

God level demon(201-ongoing)Where stories live. Discover now