210

452 57 0
                                    

Uni
=====-
အပိုင်း(၂၁၀)     ခြင်္သေ့ဟိန်းသံ

      လနက်မြို့ရဲ့ တစ်နေရာ ဂိုထောင်တစ်ခုမှာတော့ -

    "ရှပ် ရှပ် ရှပ် "
     ကျားရိုင်းအဖွဲ့အစည်းရဲ့ လက်ရွေးစင်ဆယ်ယောက်ကျော်က တန်းဆီပြီးတော့ဒီသိုလှောင်ရုံထဲကိုဝင်သွားကြပြီး တစ်ယောက်ချင်းစီက သတိဝိရိယနဲ့ ဂိုထောင်ပတ်ပတ်လည်ကိုကြည့်ရှုစစ်ဆေးပြီး ဘာရန်သူရှိလဲဆိုတာ ရှာဖွေနေကြပါတယ်

    "ငါကြားတာတော့ အဲ့ဒီ့အဖော်မဲ့သိုင်းလုလင်က ဒီဂိုထောင်ထဲမှာပုန်းနေတာကို လူတချို့ကသတိပြုမိတယ်ဆို အခုဘာမှလည်းမရှိပါလား"

    "ဒီဂိုထောင်တစ်ခုလုံးကို ရှာပြီးရင်သိမှာပေါ့ ဒီအဖော်မဲ့သိုင်းလုလင်ကိုဖမ်းမိရင် ငါတို့တွေသူဌေးဆီကနေချီစွမ်းအင်ပျစ်ခဲဆေး ၁၈လုံး ချီးမြှင့်ခံရမှာဘဲ"

    "ဘုရားရေ အကယ်၍ချီစွမ်းအင်ပျစ်ခဲဆေး ၁၈လုံးကိုရခဲ့ရင် ငါတို့အတွက်နှစ်ပေါင်းများစွာကျင့်ကြံခြင်းအချိန်တွေကို ချွေတာပြီး ကောင်းကင်ဘုံအလွှာနောက်တစ်ဆင့်ကို တက်နိုင်တယ် အဲ့လိုဆိုရင်တော့ပွပြီဘဲ"

    "ဒါပေမယ့်လည်း ဒီကောင်ကအိပ်မက်ဆိုးအဆင့်စမ်းသပ်မှုကိုကျော်ဖြတ်ထားတော့ သူ့ခွန်အားကအတုမဖြစ်နိုင်ဘူး ငါတို့တွေသတိထားတာ ပိုကောင်းလိမ့်မယ် မဟုတ်ဘဲအခြေနေတွေပြောင်းပြန်ဖြစ်ကုန်ရင် အားလုံးမသာပေါ်ကုန်လိမ့်မယ်"

   "မင်းဘာကြောက်နေတာလဲ သူကဘယ်လောက်ဘဲကြမ်းကြမ်းသိုင်းပညာရှင်အဆင့်၁ဘဲလေ ငါတို့ထဲမှာသိုင်းပညာရှင်အဆင့်၂တွေ သိုင်းပညာရှင်အဆင့်၃တွေတောင်ပါတာကို ခလေးလေးတစ်ယောက်ကိုကြောက်ဖို့လိုလို့လား"

   "မင်းပြောတာမှန်တယ် ငါတို့အယောက်တစ်ဒါဇင်လောက်ပေါင်းပြီး တစ်ယောက်တစ်ချက်ထိုးရင်တောင် ဒီကောင်အသားစဥ်းကောဖြစ်သွားမှာဘဲ သူမပေါ် လာမှာဘဲငါကြောက်နေတာ ပေါ်လာလို့ကတော့ ငါသူ့ကိုပုရွက်ဆိတ်တစ်ကောင်လိုနင်းခြေပစ်မယ်"

    "အမှန်ဘဲ ငါတို့လိုကျားရဲ့အဖွဲ့ခွဲတွေက ဒီကောင့်ရဲ့ခွန်အားကိုကြောက်တာမဟုတ်ဘူး ငါတို့ရှာလို့မတွေ့အောင် သူလနက်မြို့ကနေထွက်သွားလိုက်မှာဘဲ စိုးရိမ်တာ"

God level demon(201-ongoing)Where stories live. Discover now