297+298+299+300+301

520 75 3
                                    

အပိုင်း(၂၉၇)   မျက်နှာပျက်လို့မရဘူး

    "မင်းနှမကိုလာတောင်းပန်ဖို့ပြောပါလား ဟျောင် မင်းအရမ်းလူပါးဝသွားပြီ"

    "ငါတို့ကိုအရိုအသေပေးခိုင်းပြီး အရိုသေမပေးရင် ယဥ်ကျေးမှုမရှိဘူးပေါ့လေ မင်းကိုယ်မင်းဘာထင်နေတာလဲ လူလေးစားရတဲ့ပုဂ္ဂိုလ်လား?"
     
     "မထင်မှတ်ဘဲ ရန်ဟွမ်ဂြိုလ်ကလာတယ်ဆိုပြီး မင်းကိုယ်မင်းပြောလိုက်သေးတယ် ရန်ဟွမ်ဂြိုလ်ကလာတာတော်တော်ထူးခြားလို့ ငါတို့ကိုအရိုသေပေးခိုင်းနေတာလား မင်းရဲ့ရာထူးက တခြားသူတွေထက်ကိုမြင့်တယ်ထင်နေတာလား?"

    "ငါတို့ကိုယဥ်ကျေးမှုမရှိဘူးလို့ ကြိမ်းဝါးရဲတယ် ခွေးမသားမင်းသေချင်နေတာလား?"
 
    "ချီးလောက်တောင်အဆင့်မရှိတဲ့ ခွေးမသားက ငါတို့ကိုဒီလိုအထင်သေးရဲတယ်  မင်းအမေတောင်မင်းကိုမမှတ်မိတော့တဲ့အထိငါတို့မင်းကိုရိုက်နှက်လို့ရတယ်ဆိုတာ ယုံလားမသိဘူး"

     ကောင်းကင်တိမ်တိုက်ကမ္ဘာကကျောင်းသားတွေက အမြှီးတက်နင်းခံရတဲ့ကြောင်လိုဒေါသပေါက်ကွဲသွားကြတယ် သူတို့တစ်ဘဝလုံးမှာအခုလိုလူပါးဝတဲ့ ရန်ဟွမ်ဂြိုလ်ကလူကိုမတွေ့ဖူးပါဘူး

    သူတို့တွေတစ်ယောက်စီက ကောင်းကင်တိမ်တိုက်ကမ္ဘာမှာနေကြတဲ့ လူသားလက်ရွေးစင်တွေဖြစ်ကြပါတယ် ဒီနေရာကသိပ္ပံနဲ့နည်းပညာတိုးတက်ပြီး ခွန်အားအကြီးဆုံးလူသားတွေနေထိုင်ကြတဲ့နေရာပါ ကောင်းကင်တိမ်တိုက်ကမ္ဘာက လူသားလက်ရွေးစင်တွေ နေထိုင်ကြတဲ့နေရာဖြစ်ပါတယ်
 
     အခုတော့ရန်ဟွမ်ဂြိုလ်ကထွက်လာတဲ့ လောကကြီးကိုမမြင်ဖူးတဲ့မျိုးမစစ်က သူတို့ကိုအထင်လာသေးရဲပါတယ်

    "ငါပြောတာ လက်မခံဘူးလား?"
     ရှပင်ကဒီလူတွေကို ဘေးတစောင်းကြည့်လိုက်ပြီး "လက်မခံချင်ရင်အသေခံဖို့ ထွက်လာကြစမ်း ငါမင်းတို့ကိုလက်တစ်ဖက်တည်းနဲ့အနိုင်မရရင် ငါရှုံးတယ်ဆိုတာဝန်ခံလိုက်မယ်"

    သူကလက်နှစ်ဖက်ကိုနောက်ပစ်ပြီး ဂရန်းမာစတာ တစ်ယောက်ရဲ့စတိုင်နဲ့ ရပ်နေပါတယ်

    "ငါ့လီး ဒီရုပ်လှလှနဲ့ကောင်လေးက အရမ်းလူပါးဝလွန်းတယ်"

God level demon(201-ongoing)Where stories live. Discover now