207

439 51 0
                                    

Uni
======
အပိုင်း (၂၀၇)    နှင်းသလင်းကျောက်ရေခူအဆိပ်

    "မကောင်းဆိုးဝါး မင်းကမကောင်းဆိုးဝါးဘဲ"
  
     "ငါ့ကိုခွင့်လွှတ်ပေးပါ ငါတို့ကိုခွင့်လွှတ်ပေးပါကွာ"

     "ငါတို့ကိုသတ်ရင် မင်းလည်းအဆုံးသတ်ကောင်းမှာမဟုတ်ဘူး လုံးဝအဆုံးသတ်ကောင်းမှာမဟုတ်ဘူး"
      ခေါင်မိုးပေါ်မှာတော့ ဝက်ဝံနက်ကုမ္ပဏီလက်ရွေးစင်တွေက တစ်ယောက်ပြီးတစ်ယောက် ကြောက်လန့်ကာအော်ဟစ်နေကြပါတယ် ဒါပေမယ့်လည်းရှပင်ကသနားညှာတာမှုမရှိဘဲ ဆက်ပြီးသတ်ဖြတ်လိုက်ပါတယ်
   
     "ဝှစ် ဝှစ် ဝှစ်"
     
     ရှပင်ပစ်လိုက်တဲ့ ကျောက်တုံးတွေတစ်ခုပြီးတစ်ခုကဒီလက်ရွေးစင်တွေရဲ့ ရင်ဘတ်ကိုဖောက်ဝင်သွားပြီး သွေးအပေါက်ကြီးတွေဖြစ်ပေါ်ကာ သူတို့ရဲ့အသက်အော်ရာကို အဆုံးသတ်လိုက်ပါတယ်

     အသက်ခနရှုကြာပြီးနောက် ကြမ်းပြင်တစ်ခုလုံးကသွေးတွေအမြောက်အများ စီးဆင်းနေပြီး နေရာတစ်ကာမှာအလောင်းတွေပြည့်သွားပါတယ်

     ဒီလူတွေက ရှပင်ကျောက်တုံးလက်ချက်နဲ့သေရတာမဟုတ်ဘဲ အဆိပ်ကြောင့်သေရဖြစ်ပါတယ်

    "မင်းတို့ကိုခွင့်လွှတ်ပေးလိုက်ရင် ငါ့ကိုဘယ်သူခွင့်လွှတ်ပေးတော့မလဲ?" ရှပင်မျက်လုံးကနေ အေးစက်မှုတွေထွက်လာပါတယ် ဒီလိုလူသားစားမြေခွေးတွေလိုကြမ်းကြုတ်တဲ့ မြေအောက်ဂိုဏ်းသားတွေကို သူလုံးဝညှာတာမှာမဟုတ်ပါဘူး

    တကယ်လို့ဒီလူတွေနေရာမှာသူဖြစ်ပြီး မြေအောက်ဂိုဏ်းသားတွေလက်ထဲရောက်သွားရင် သူခွင့်လွှတ်ပေးဖို့တောင်းပန်ရင်တောင်မှ ဒီမျိူးမစစ်တွေသူ့ကိုယ်ခွင့်လွှတ်မှာခို့လား? ဒါကလုံးဝမဖြစ်နိုင်စရာ ကိစ္စပါ
   
    အဲ့လိုဆိုမှတော့ သူ့အသက်ကိုလိုချင်ရင် သူကလည်း ဒီလူတွေအကုန်လုံးကိုဖျက်စီးရုံသာတတ်နိုင်ပါတယ်

    "ဒီနှင်းသလင်းကျောက်ရေခူအဆိပ်က ဒီလောက်ထိပြင်းမယ်လို့ မထင်မိဘူး အရောင်နဲ့အရသာမရှိဘဲ လည်မျိုမှာသွေးတွေပိတ်ပြီးသိုင်းပညာရှင်တွေကို အသက်ခနရှုအတွင်းမှာသတ်နိုင်တယ် စျေးနည်းနည်းကြီးပြီး မုန်းတီးခြင်းရမှတ် ငါးထောင်ပေးရတာတစ်ခုဘဲ"

God level demon(201-ongoing)Where stories live. Discover now