319+320+321+322

420 61 0
                                    

အပိုင်း(၃၁၉)  ယင်ချီအစေ့

     "ပြေးမယ်မကြံနဲ့"
     ဖုတ်ကောင်စစ်သူကြီးထွက်ပြေးဖို့လုပ်တာနဲ့ ရှပင်ခွန်ပန်ခြေလှမ်းကိုအသုံးပြုကာ လေစီးကြောင်းကိုထိန်းချုပ်ပြီးတော့ အလွန်လျင်မြန်တဲ့အရှိန်နဲ့နောက်ကနေအကြီးကျယ်လိုက်ဖမ်းပါတယ်

     "သူ့ကျိုတားကွ သူ့ကိုမြန်မြန်တားထားကြ" ဖုတ်ကောင်စစ်သူကြီးအော်ဟစ်လိုက်တာနဲ့ ကျန်တဲ့အရိုးစုစစ်သားတွေရှပငျဆိီပွေးဝငျလာကာသူ့ကိုတားဖို့ကွိုးစားကွပါတယျ
   
    ဝှစ် ဝှစ် ဝှစ်!!!
    ချက်ချင်းဘဲ အရိုးစုစစ်သားရာပေါင်းများစွာက မကြေက်မရွံ့နဲ့ အရိုးဓားနဲ့ဒိုင်းတွေကိုင်ကာ အသေးစားစစ်တပ်လိုရှပင်ဆီ အရူးအမူးပြေးဝင်လာကြပါတယ်

    "သတ်"
    ရှပင်မျက်လုံးတွေအေးစက်သွားပြီး လက်မြှောက်လိုက်တာနဲ့ကိုယ်ကနေဗုဒ္ဓရွှေရောင်အလင်းတန်းတွေထွက်လာကာ သူ့မျက်နှာမှာ ညှာတာတဲ့ရည်ရွယ်ချွက်တွေပြည့်ဝနေပါတယ်

    သူ့လက်ဝါးရိုက်လိုက်တာနဲ့ တစ်လောကလုံးကိုသန့်စင်နိုင်တဲ့စွမ်းအားတွေပါတဲ့ဗုဒ္ဓလက်ဝါးလိုရွှေရောင် လက်ဝါးရိပ်တွေ နေရာတိုင်းမှာပေါ်လာပါတယ်
 
     ဘန်း ဘန်း ဘန်း!!!
    ဒီလက်ဝါးကိုမခံနိုင်ဘဲ ရှေ့ဆုံးကအရိုးစုစစ်သားတစ်ရာကျော်က လှိုင်းထဲလိမ့်သလို တစ်ကောင်ပြီးတစ်ကောင်လွင့်ထွက်ပြီး အရိုးတွေကြေမွသွားပါတယ်

    ဒီရွှေရောင်အလင်းတန်းတွေပေါက်ထွက်တာနဲ့ သူတို့တွေကနေရောင်အောက်လောင်ကျွမ်းခံရသလို အရိုးစုတစ်ယောက်ပြီးတစ်ယောက်ကျရှုံးပြီး သူတို့ကိုယ်ထဲကယင်ချီတွေက သန့်စင်ခံရကာကွယ်ပျောက်သွားပါတယ်

    ဂျန်းရရူ ချူရွန်း ဖန်းဟိုက်ထန်နဲ့ နန်ဂုန်ဝူတို့လေးယောက်လည်း ပြေးဝင်လာပြီး သိုင်းပညာစကေးတွေအသုံးပြုကာ အရိုးစုတွေကိုဖေါက်ခွဲသတ်ဖြတ်ကြပါတယ်

     "သေစမ်း!"
      ဒါကိုမြင်တဲ့ဖုတ်ကောင်စစ်သူကြီးကကြောက်လန့်သွားပါတယ် အစကတော့သူကဒီလူသားတွေကိုချုံခိုတိုက်ခိုက်ပြီး အကုန်သတ်ပြစ်ကာ သူ့လက်ရွေးစင်တပ်သွားတွေအဖြစ်သန့်စင်ဖို့ ကြံထားတာပါ

God level demon(201-ongoing)Where stories live. Discover now