216

424 55 0
                                    

Uni
======
အပိုင်း (၂၁၆)     ဘယ်သူငါ့ကိုတားရဲသေးလဲ

    "ဘန်း"
    ထွက်ပြေးနေစဥ်အတွင်းမှာ လူလိုင်ကပါဝါချပ်ဝတ်အင်္ကျီကခလုပ်ကိုနှိပ်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်ပတ်လည်မှာ အစစ်အမှန်ချီစီးကြောင်းတွေပေါ်လာပြီး တွန်းကန်စွမ်းအားတွေချက်ချင်းထွက်လာပါတယ်

    ဝှစ်ကနဲ့ဆို သူ့ခန္ဓာကိုယ်က ဒုံးကြည်လိုလျင်မြန်တဲ့အရှိန်နဲ့လေပေါ်ကို ပျံတက်သွားပါတယ်

    ဒီပါဝါချပ်ဝတ်တန်ဆာက ခုခံစွမ်းရည်ကောင်းရုံတင်မဟုတ်ဘဲ ထွက်ပြေးတဲ့စနစ်လည်းပါဝင်ပါတယ် အဲ့လိုပြည့်စုံတဲ့စွမ်းအင်တွေကြောင့်သာမဟုတ်ရင် တန်ဖိုးကဒီလောက်ထိကြီးမားမှာမဟုတ်ပါဘူး

    အသက်ရှင်ရဖို့အတွက် လူလိုင်ကတန်ဖိုးကြီးပေးဆပ်လိုက်ပါတယ်
  
    "ပြေးဖို့ အဲ့လောက်လွယ်မလား?"
    ချက်ချင်းရှပင်က ခွန်ပန်ခြေလှမ်းကိုအသုံးပြုပြီး အစစ်အမှန်ချီတွေနဲ့လေကိုခွင်းကာ မီတာတစ်ရာကျော်ကိုတစ်ချက်တည်းရောက်သွားပါတယ်

    ခွန်ပန်ခြေလှမ်းကိုအစွမ်းကိုထုတ်သုံးထားတဲ့ သူ့ရဲ့အမြန်နှုန်းက ထွက်ပြေးနေတဲ့လူလိုင်ရဲ့အမြန်နှုန်းနဲ့ တူညီပါတယ်

    "သေစမ်း မြန်မြန် ပိုမြန်စမ်း" လူလိုင်မျက်နှာက စိုးရိမ်ပူပန်ပူပန်မှုတွေနဲ့ပြည့်ကာ မကောင်းဆိုးဝါးဝိညဥ်လို အရိပ်တွေချန်ခဲ့ပြီးလိုက်လာတဲ့ ရှပင်ဆီကနေ ဝေးနိုင်သမျှဝေးအောင် လနက်မြို့အတွင်းပိုင်းကိုထွက်ပြေးပါတော့တယ်

    ဒါပေမယ့်လည်း ရှပင်ကတော့ဧရာမခွန်ပန်လို ချီစွမ်းအင်စီးကြောင်းကို ထိန်းချုပ်ပြီးဆက်တိုက်နောက်ကနေ ထပ်ကြပ်မကွာလိုက်ဖမ်းနေပါတယ်

    "သေစွမ်းကွာ ခနတုန်းကပေါက်ကွဲမှုကြောင့်ပါဝါချပ်ဝတ်အင်္ကျီကို စွမ်းအင်အမြောက်အများဆုံးရှုံးသွားလို့မဟုတ်ရင် စက္ကန့်ပိုင်းအတွင်းမှာ ကီလိုမီတာအတော်များများကျော်ကို ငါရောက်နေလောက်ပြီ ဘယ်လိုလုပ်ငါ့ကိုမင်းလိုက်ဖမ်းနိုင်မှာလဲ"

    လူလိုင်ကအံကြိတ်ကာ ရက်စက်တဲ့မျက်နှာထားနဲ့ "ဘယ်လိုဖြစ်ဖြစ်မင်းလက်ထဲကနေငါမလွတ်စေနဲ့ မဟုတ်ရင်ငါ့အဖေကိုကိုယ်တိုင်ခေါ်ပြီး မင်းခေါင်းကိုဖြတ်ခိုင်းမယ်"
သူ့ကိုယ်ကတွေရက်စက်ကြမ်းကြုတ်တဲ့ အော်ရာတွေထွက်ပေါ်နေပါတယ်

God level demon(201-ongoing)Where stories live. Discover now