237+238

518 58 0
                                    


အပိုင်း( ၂၃၇)  မကောင်းတဲ့အကြည့်

    နောက်တစ်နေ့နံနက်မှာတော့ ရှပင်ကအိပ်ယာပေါ်မှာ တင်ပျင်ခွေထိုင်နေကာ အစစ်အမှန်ချီတွေလည်ပတ်ပြီးကျင့်ကြံနေပါတယ် မနက်နေရောင်က သူ့ပြတင်းပေါက်ကနေအခန်းထဲကျရောက်လာတာနဲ့ ရှပင်မျက်လုံးတွေတဖြည်းဖြည်းဖွင့်လိုက်ကာ ချီစီးကြောင်းတွေက အခန်းထဲမှာ ဆက်ရှိနေပါတယ်

     တစ်ညကျင့်ကြံပြီးနောက်မှာ သူ့ကိုယ်ထဲကချီစွမ်းအင်တွေ ပိုအားကောင်းလာပြီး သိုင်းပညာရှင်အဆင့်၂ အထွတ်အထိပ်ကိုရောက်ရှိသွားကာ သိုင်းပညာရှင်အဆင့်၃ကို တက်ဖို့ခြေတစ်လှမ်းသာလိုအပ်တော့ပါတယ်

     အခြေနေပေးတာနဲ့ သူကတတိယမြောက်အပ်စိုက်ကုထုံးအမှတ်ကို ချိတ်ဆက်နိုင်မှာပါ

     အဲ့ဒီ့ချိန်မှာ စနစ်ဆီကအသံထွက်လာပါတယ် "ဂုဏ်ယူပါတယ် စနစ်ပိုင်ရှင် မနေ့ညကစုစုပေါင်း မုန်းတီးခြင်းရမှတ်၂၃၄၅၆မှတ်ရရှိကာ လူခြောက်ယောက်က စနစ်ပိုင်ရှင်ကို သတ်ဖြတ်ချင်စိတ် ပေါက်နေကြတယ်"

     "ရမှတ်နှစ်သောင်းကျော်တောင်မှလား ဒါလည်းပုံမှန်ပါဘဲ" ရှပင်က သူ့မေးစေ့ကိုပွတ်သပ်ကာ "တကယ်ဘဲ ဘယ်သူကငါ့ကိုသတ်ဖြတ်ချင်စိတ်ဖြစ်နေတာလဲ အော်ငါသိပြီ ရှူယန်းနဲ့ရှူမိသားစုတွေဖြစ်လိမ့်မယ် ကြည့်ရတာဒီရှူမိသားစုလူတွေကို ငါသတိထားရမယ်"

    သူ့မျက်လုံးတွေလတ်သွားတယ် ဒီလောက်မုန်းတီးခြင်းရမှတ်များများရတာတောင် ရှပင်ကလောလာဆယ် အသုံးမပြုချင်သေးပါဘူး  ဆေးဝါးတွေဘဲဖြစ်ဖြစ် လျို့ဝှက်ကျင့်စင်ဘဲဖြစ်ဖြစ် အခုချိန်မှာသူ့အတွက်မလိိုအပ်ပါဘူး အဲ့တာကြောင့်လောလောဆယ် ရမှတ်တွေကိုသိမ်းထားဖို့ သူပြင်လိုက်တယ်

    ရှူမိသားစုကလူတွေက သူ့ကိုသတ်ဖြတ်ချင်စိတ်ဖြစ်နေတဲ့အတွက် နည်းနည်းတော့ပြသနာလုပ်မှာပါ ဒါပေမယ့်လည်း ပြဿနာကြီးကြီးမားမားမဖြစ်နိုင်ဘဲ ဧရာမကုမ္ပဏီကာကွယ်မှုရှိတဲ့ သူ့ကိုရှူမိသားစုကတစ်ခုခုလုပ်ရဲမယ်လို့ ရှပင်မထင်ပါဘူး

     "မေ့လိုက်တော့ ဘာဘဲဖြစ်ဖြစ်ရန်ဟွမ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့ သွားစုစည်းရမယ်" ရှပင်ချက်ချင်းအိပ်ယာပေါ်ကနေ ထပြီး သွားတိုက်မျက်နှာသစ်ကာ အပြင်ထွက်လာလိုက်တယ်

God level demon(201-ongoing)Where stories live. Discover now