236

473 60 0
                                    

အပိုင်း(၂၃၆)     အသက်ဆေးရည်

     ဧရာမကုမ္ပဏီလား?

     ဒီလိုပြောတာကြားနဲ့ ခန်းမထဲမှာရှိနေတဲ့ရှူမိသားစုလူတွေက တိတ်ဆိတ်သွားတယ် ဒါကအစစ်အမှန်ဘီလူးကြီးဖြစ်ပြီး ရှူမိသားစုက ဒီအင်းအားစုအရှေ့မှာ ပုရွက်ဆိတ်သာသာဘဲရှိပါတယ်

     ဧရာမကုမ္ပဏီကြောင့်သာမဟုတ်ရင် ရှူမိသားစုလူကို ဒဏ်ရာရအောင်လုပ်တာရှပင်ဆိုတာသိတာနဲ့ သူတို့တွေနည်းလမ်းပေါင်းစုံသုံးပြီး ဒီမောက်မာတဲ့ကောင်ကိုသတ်ပစ်မှာပါ အခုလိုထုတ်မပြောရဲဘဲ သူတို့ဘက်ကနေလျှော်ကြေးပြန်ပေးနေမှာမဟုတ်ပါဘူး

     ဒါဧရာမကုမ္ပဏီရဲ့ သြဇာအာဏာဘဲဖြစ်ပါတယ်

     "ဘောဘဲ မထင်မှတ်ဘဲသူ့လိုကျေးလက်တောသားက ဧရာမကုမ္ပဏီကိုဝင်ခွင့်ရသွားတယ် သဘာဝတရားမျှတမှုဆိုတာ မရှိတော့ဘူးဘဲ" ရှူယန်းကမနာလိုဘဲ လက်သီးစုပ်ကာ ယူကျုံးမရဖြစ်နေပါတယ်
   
     သူ့လိုအသက်၁၈နှစ်နဲ့သိုင်းပညာရှင်အဆင့်၃ကိုရောက်ထားတဲ့ ကောင်းကင်ရဲ့ရွေးချယ်ခံခလေးဖြစ်တဲ့ ရှူမိသားစုတိုက်ရိုက်မျိုးဆက်က ဘယ်နေရာမှာမဆို ပါရမီရှင်တစ်ယောက်ဖြစ်ထိုက်ပါတယ်
 
     ဒါပေမယ့်လည်း ဧရာမကုမ္ပဏီကိုသူဝင်ချင်တာတောင် သူ့ကိုအရည်ချင်းမပြည့်မှီဘူးဆိုပြီး ငြင်းဆိုခံလိုက်ရပါတယ်

     အခုတော့ ကျေးလက်ဒေသကတောသားက ဒီလိုစူပါအဖွဲ့အစည်းကြီးကို တကယ်ဝင်ရောက်သွားပါတယ် အဲ့တာဆိုရင်ရှူယန်းဆိုတဲ့သူက ကျေးလက်ဒေသကကောင်ထက်ကို နိမ့်ကျသွားပါပြီ ဒါကိုသူဘယ်လိုလက်ခံနိုင်မှာလဲ
   
      ပြီးတော့စားသောက်ပွဲမှာ ဆော်ချောချောလေးတစ်ပွေကိုအကြိုက်တွေ့ပြီး ဆေးခတ်ကာသူငယ်ချင်းတွေနဲ့အတူတူ ကစားဖို့လုပ်တာကသူတို့အတွက် ပုံမှန်ကိစ္စပါဘဲ
   
      သူ့လိုရှူမိသားစုတိုက်ရိုက်မျိုးဆက်လူငယ်က ကျေးလက်ဒေသကမိန်းခလေးတစ်ယောက်ကို ကစားချင်တာ အဲ့မိန်းခလေးအတွက်ဂုဏ်ယူစရာဖြစ်ပြီး မျိုးဆက်သုံးဆက်လောက်မရနိုင်တဲ့ ကံကောင်းမှုပါ
   
      ဒါပေမယ့်လည်းကြင်နာမှုကို ဘယ်လိုကျေးဇူးတင်ရမလဲမသိတဲ့ အဲ့ဒီ့မျိုးမစစ်ရှပင်က သူ့ဂွင်ကောင်းတွေကို ဖျက်ဆီးရုံတင်မကဘဲ လူရှေ့သူရှေ့မှာသူ့ကိုရိုက်နှက်ပြီး အရှက်ရစေကာ သူ့ဂုဏ်သိက္ခာကိုနင်းချေခဲ့ပါတယ် ဒီရန်ကြွေးကိုသူပြန်ဆပ်မှာပါ

God level demon(201-ongoing)Where stories live. Discover now