511+512+513+514+515

294 39 2
                                    

အပိုင်း(၅၁၁) မွန်းစတားနှိမ်နှင်းခြင်း ဗာဂျရာဘလိတ်ဓား

   ဘာ?!
   ဒီဗလတောင့်တောင့်နဲ့ကောင် အသေဆိုးနဲ့သေပြီးလဲကျသွားတာမြင်တာနဲ့ ဓားမြတွေအားလုံးမျက်လုံးကြီးတွေပိုနီရဲလာပြီး ဒေါသကြောင့် သူတို့တစ်ကိုယ်လုံး တုန်ခါလာနေပါတယ်
 
   အရင်ကလဲဒီကောင်သူတို့တတိယညီအစ်ကိုရီတို့ကို သတ်ခဲ့ပြီး အခုတစ်ခါသူတို့မျက်စိရှေ့တင် လက်သီးနဲ့ သူတို့ရဲဘော်ရဲဘက်ကို သတ်ပြစ်ခဲ့ပြန်ပါတယ် ဒါဟာသူတို့ကိုဂရုမစိုက်ဘဲ ကမ်းကုန်ယမ်းကုန်မောက်မာလွန်းတာ ဖြစ်သွားပါပြီ
 
  "ဘယ်ကောင် အသက်မရှင်ချင်တော့တာလဲ? အခုချက်ချင်းထွက်လာပြီး အသေလာခံစမ်း!"   ရှပင်ဘေးတစ်စောင်းကြည့်ပြီး ဒီဓားမြတွေကိုပြောလိုက်တယ်

   "မင်း သေချင်နေတာဘဲ"
    အမာရွတ်နဲ့လူ ချန်ဒေါင်ကရွှေဘလိတ်ဓားကြီးကို ဆွဲထုတ်ပြီး ကောင်းကင်ဘုံအလွှာအဆင့်၇သိုင်းဆရာခွန်အားကို ထုတ်ဖော်လိုက်ကာဓားရိုးကိုသူကိုင်စွဲလျက် ဘလိတ်ဓားနဲ့ခုတ်ချလိုက်တယ်

   ဘုရင်အဆင့်သိုင်းပညာစကေး - မွန်းစတားနှိမ်နင်းခြင်း ဗာဂျရာဘလိတ်ဓား

   ဒါဟာပြိုင်စံရှားသိုင်းသမားတစ်ယောက်ဖန်တီးခဲ့တဲ့ အမြင့်ဆုံးဘလိတ်ဓားသိုင်းတစ်ခုဖြစ်ကာ ဗာဂျရာရဲ့ဒေါသအကြည့်လို မွန်းစတားနဲ့ မိစ္ဆာတွေကိုနှိမ်နင်းနိုင်ပါတယ်

    အရင်ကဒီဘလိတ်ဓားသိုင်းနဲ့ မွန်းစတားတွေအမြောက်အများကို ချန်ဒေါင်သတ်ပြစ်ခဲ့ပါတယ်

   ချန်ဒေါင်ကဒီဘလိတ်ဓားသိုင်းအားကိုးနဲ့
တောရိုင်းသစ်တောတစ်လျှောက်မှာ သွားလာကျက်စားနိုင်တာပါ ကြောက်စရာကောင်းတဲ့ဘလိတ်ချီတွေပေါက်ထွက်လာတာနဲ့ မွန်းစတားတစ်အုပ်ကို အသာလေးသူရှင်းပစ်နိုင်ပါတယ်

   သူ့ဘလိတ်ဓားခုတ်ချလိုက်တာနဲ့ ရွှေရောင်အလင်းတန်းတွေက ကမ္ဘာကြီးကိုနှစ်ခြမ်းခြမ်းတော့မဲ့ အတိုင်းလေထဲကနေ ကျလာပါတယ်

   ခွန်ပန်ခြေလှမ်း!
   ရှပင်လေစီးကြောင်းကို ထိန်းချုပ်ကာ ခွန်ပန်တစ်ကောင်လို ဆယ်မီတာအဝေးကို ရှောင်လိုက်ပါတယ်

God level demon(201-ongoing)Where stories live. Discover now