219

444 66 0
                                    

Uni
======
အပိုင်း (၂၁၉)     ဧရာမကုမ္ပဏီရဲ့ဆုလာဘ်

    ဒီအချိန်မှာ လနက်မြို့လေဆိပ်ရဲ့ အနက်ရောင်အာကာသယဥ်ထဲမှာတော့ -

    "ဂုဏ်ပြုပါတယ် မင်းကဧရာမကုမ္ပဏီရဲ့စမ်းသပ်မှုကိုကျော်ဖြတ်ပြီး ဧရာမကုမ္ပဏီရဲ့တရားဝင်အဖွဲ့ဝင် ဖြစ်သွားပြီ " ဂျီယုဖန်ကရှပင်ကိုအားရကျေနပ်စွာနဲ့ကြည့်ပြီးပြောလိုက်တယ်
 
    ရှပင်ပြန်လာတဲ့အချိန်က နည်းနည်းလေးအချိန်ကျော်သွားပေမယ့် အချိန်အကန့်အသတ်ဆိုတာ တစ်လအတွင်းခက်ခဲတဲ့အဆင့်စမ်းသပ်မှုကိုကျော်ဖြတ်နိုင်ရမယ်လို့ဘဲ သတ်မှတ်ထားတာပါ ဒါပေမယ့်ရှပင်ကစမ်းသပ်မှုကို ရက်အနည်းငယ်အတွင်းကျော်ဖြတ်ခဲ့တဲ့တွက် စမ်းသပ်မှုအောင်မြင်ပါတယ်

    မျှော်စင်နက်ကနေပြန်လာတဲ့အချိန်ကိုတော့ မတွက်ချက်ဘဲ ဘယ်ချိန်ပြန်လာပြန်လာရပါတယ် ဒီကိစ္စကိုရှပင်စိတ်မပူရအောင် သူကြိုတင်ပြီးသတင်းပို့ပေးခဲ့ပါသေးတယ်

     ဒါပေမယ့်လည်း ဒီကောင်လေးကအိပ်မက်ဆိုးအဆင့် စမ်းသပ်မှုကိုကျော်ဖြတ်နိုင်တဲ့ မွန်းစတားဖြစ်တာကြောင့် အမှန်တကယ်အချိန်ကျော်သွားရင်တောင်ပြသနာမရှိဘဲ ဧရာမကုမ္ပဏီကိုစည်းမျဥ်းဖေါက်ဖျက်ပေးဖို့ သေချာပေါက်လုပ်နိုင်မှာပါ နောက်ဆုံးမှာတော့စည်းမျဥ်းတွေဆိုတာ လူကဘဲထုတ်ထားတဲ့အရာပါ

    တကယ်တမ်းမှာ ဧရာမကုမ္ပဏီက ရှပင်ကိုမခေါ်ရင်တောင် ဒီကိစ္စကိုသိတာနဲ့အာရုဏ်ဦးကုမ္ပဏီနဲ့ ဘဝကုမ္ပဏီတို့ကအလုအယက်ရှပင်ကို ဖိတ်ခေါ်ကြမှာပါ စည်းမျဥ်းအချို့ကြောင့်ရှပင်ကိုထွက်သွားခွင့်ပြုရလောက် သူတို့တွေမမိုက်မဲသေးပါဘူး

    "ပတ်ပတ်လည်ကိုဝိုင်းထားတဲ့ဒီလူတွေကို မင်းတကယ်ရှင်းပစ်နိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး အစကတော့ငါကိုယ်တိုင်ဝင်ပါရတော့မယ်ထင်နေတာ"
 
    ဂျီယုဖန်က ခံစားချက်နဲ့ပြောလိုက်ကာ လုံလုံခြုံခြုံနဲ့ရောက်လာတဲ့ ရှပင်ကို အလွန်ရှုပ်ထွေးတဲ့အကြည့်နဲ့ကြည့်လိုက်ပါတယ် အစကဆိုရင်ဒီကောင်လေးက အခုလိုကိစ္စမျိုးကိုလုပ်ခဲ့မယ်လို့သူစိတ်မကူးရဲပါဘူး

God level demon(201-ongoing)Where stories live. Discover now