279+280+281+282

503 61 0
                                    

အပိုင်း( ၂၇၉) သဲဝက်ဝံ

သဲကန္တာရထဲမှာတော့ လူအရိပ်တစ်ခုက ပြိုင်ကားလိုအရှိန်ကုန်ပြေးလွှားနေပြီး သူသွားရာလမ်းတစ်လျှောက်မှာလည်း ဖုန်သဲတွေတထောင်းထောင်းထကာ သဲမှုန်တိုင်းတွေဖြစ်သွားပါတယ်

အပူချိန်၆၀ဒီဂရီရှိတဲ့ ပူပြင်းတဲ့နေရောင်အောက်မှာတောင် သူကပျံသန်းနေသကဲ့သို့ပြေးလွှားနေပါတယ်

သူ့ရဲ့ဒီလို အထိန်းအချုပ်မရှိတဲ့အမူအရာက သဲကန္တာရထဲမှာရှိတဲ့ သားရဲရဲ့ အာရုံစိုက်ခြင်းခံရပြီး သားရဲကအဝေးကျောက်တုံးကနေ ရှပင်ရှေ့ကိုခုန်ထွက်လာပြီး တားလိုက်ပါတယ်

ဘန်းကနဲ့ဆို ၎င်းရဲ့ခြေထောက်နှစ်ချောင်းအောက်မှာတွင်းနက်ကြီးနှစ်ခုဖြသ်သွားပါတယ်

တကယ်တော့ ဒီသားရဲကတစ်ကိုယ်လုံးအမွှေးဝါတွေရှိပြီး အရပ်သုံးမီတာမြင့်တဲ့ကန္တာရအာဏာရှင် သဲဝက်ဝံဖြစ်ပါတယ်

၎င်းက ကန္တာရကြွက်တွေကို အစာအဖြစ်စားသုံးတဲ့ ကြောက်မက်ဖွယ်သားရဲတစ်မျိုးဖြစ်ကာ ကောင်းမွန်တဲ့ခွန်အားရှိပြီး မြင့်မားတဲ့အပူချိန်ကို ကြောက်ရွံ့မှုမရှိဘဲ တစ်ကောင်တည်းနေရတာကို ကြိုက်ပါတယ် ဒါပေမဲ့လည်း၎င်းမှာကြောက်မက်ဖွယ် ဖျက်ဆီးအားရှိပါတယ်

သူ့လက်ဝါးတစ်ချက်က တန်ရာချီရှိတဲ့ကျောက်တုံးကို ကြေမွအောင်ရိုက်ချနိုင်ပါတယ်

"ဂါး!" ဒီသတ္တဝါကသဲကန္တာရထဲမှာ အခုလိုသောင်းကြန်းကာသွားလာရဲပြီး ၎င်းရဲ့ပိုင်နက်ကိုကျူးကျော်လာတာတွေ့တာနဲ့ သဲဝက်ဝံကချက်ချင်းဒေါပွသွားပြီး ရှပင်ကိုဆွဲဖြဲပစ်ဖို့ တစ်ကိုယ်လုံးပစ်ဝင်သွားပါတယ်

"ဝေးဝေးသွားစမ်း"
ရှပင်ကကြည့်တောင်မကြည့်တဲ့အပြင် သူ့အရှိန်ကိုမလျှော့ဘဲ သားရဲတစ်သောင်းလက်သီး - နွားရိုင်းဝှေ့ခြင်း သိုင်းကိုထုတ်သုံးလိုက်ပါတယ်

သူ့တစ်ကိုယ်လုံးက နွားရိုင်းတစ်ကောင်လို ပြေးဝင်ပြီး ကိုယ်ထဲကထွက်လာတဲ့ကြောက်မက်ဖွယ်အစစ်အမှန်ချီတွေက နွားချိုအဖြစ်ပြောင်းသွားပါတယ် သူ့ခွန်အားကအရင်ထက်ကိုအဆပေါင်းများစွာပိုသန်မာလာပါတယ်

God level demon(201-ongoing)Where stories live. Discover now