233+234+235

500 65 0
                                    

အပိုင်း(၂၃၃)     သခင့်အာဏာကိုအသုံးချခြင်း

     ဘာ?
     ဖန်းဟိုက်ထန်စကားကိုကြားတာနဲ့ လူတွေကထိတ်လန့်ကာ ရှပင်ကိုမယုံကြည်နိုင်စွာနဲ့ ကြည့်လိုက်ကြတယ် သူတို့ကိုသတ်မယ်ဆိုရင်တောင် ရှပင်ကဧရာမကုမ္ပဏီရဲ့ တရားဝင်အဖွဲ့ဝင်ဖြစ်နေလိမ့်မယ်လို့ ထင်မထားကြပါဘူး

     ဧရာမကုမ္ပဏီကိုဝင်နိုင်တဲ့လူတစ်ယောက်ချင်းစီက ကြောက်ခမန်းလိလိပြိုင်းဘက်ကင်းပါရမီရှင်တွေဖြစ်ကြကာ သူတို့ရဲ့ဟွာမြို့တော်မှာတောင် ဧရာမကုမ္ပဏီကိုဝင်ခွင့်ရတဲ့သူ အနည်းငယ်ဘဲရှိပါတယ်

     အကယ်၍ဒီကောင်လေးကတကယ်ဘဲဧရာမကုမ္ပဏီရဲ့အဖွဲ့ဝင်ဖြစ်တယ်ဆိုရင် သူတို့ရဲ့ဒီလှည့်ကွက်တွေက အသုံးမဝင်တော့ဘဲ ဧရာမကုမ္ပဏီကိုသာဒေါသထွက်စေမှာပါ

     ရှူယန်းရဲ့မျက်နှာလည်း မသေချာမှုတွေနဲ့ ပြည့်နှက်ကာ မဲနက်သွားပါတယ် ဧရာမကုမ္ပဏီလို အင်အားစုကြီးကို သူ့ရှူမိသားစုတောင်မရင်ဆိုင်နိုင်ဘဲ မြိုးနှယျစုအငျအားကိုသုံးပွိီး ဒီကောင့်ကိိုနှိမ်နင်းဖို့မဖြစ်နိုင်တော့ပါဘူး

     အဲ့ဒီ့အစားဒီကောင်က ဧရာမကုမ္ပဏီရဲ့အင်အားကိုသုံးပြီး သူ့ရှူမိသားစုကိုနှိမ်နင်းမှာကို သူပြန်စိတ်ပူရမှာပါ

     "မင်းလား ခနတုန်းကမင်းမလား"
     ဖန်းဟိုက်ထန်မျက်လုံးတွေက အတော်စူးရှပြီး အဝါရောင်အဝတ်စားတွေဝတ်ထားတဲ့ လူငယ်လေးကိုလက်ညိုးထိုးကာ "မင်းအဖေကရဲဌာနက လက်ထောက်ဒါရိုက်တာလို့ မင်းပြောတယ်မလား တယ်လီဖုန်းဆက်လိုက်တာနဲ့ ငါ့အစ်ကိုကြီးကိုထောင်ထဲထည့်လိုက်လို့ရတယ်ဆို"
     
     "ခေါ်လိုက်လေ သတ္တိရှိရင်အခုခေါ်လိုက်"
      သူကမောက်မာပြီး ဒီဟွာမြို့တော်ကစာမေးပွဲဝင်ဖြေမဲ့သူတွေကို အာရုံမထားဘဲ အထင်သေးစွာကြည့်လိုက်တယ်

     "ဒါ ဒါ" အင်္ကျီအဝါရောင်နဲ့ကောင်မျက်နှာတွေပြာနှမ်းကာ ဘာမှမပြောနိုင်တော့ပါဘူး တကယ်လို့ရှပင်က ဧရာမကုမ္ပဏီအဖွဲ့ဝင်ဆိုရင် သူတယ်လီဖုန်းဆက်ရင်တောင် အသုံးဝင်မှာမဟုတ်ပါဘူး

God level demon(201-ongoing)Where stories live. Discover now