223

445 59 2
                                    

Uni
=======
အပိုင်း (၂၂၃)    သေဆုံးနိုင်ခြေအရမ်းများတယ်

     "ရန်ဟွမ်တက္ကသိုလ်စမ်းသပ်မှုကို ဝင်မပါဖို့ငြင်းဆိုတဲ့သူတွေလည်းအများကြီးရှိတယ်"

     ကျောင်းအုပ်ကြီးက အနည်းငယ်ပြုံးပြီးရှပင်ကိုကြည့်ကာ "နှစ်စဥ်နှစ်တိုင်း သိုင်းပညာသင်အဆင့်၈အမြောက်အများနဲ့ သိုင်းပညာရှင်အဆင့်သိုင်းသမားတွေတောင် ရန်ဟွမ်တက္ကသိုလ်စမ်းသပ်မှုမှာပါဝင်ဖို့ စွန့်လွှတ်လိုက်ကြတယ်"

    "အကြောင်းကတော့ သေဆုံးနိုင်ချေအရမ်းများပြီး ၅၀%အထက်ဖြစ်တာကြောင့် သိုင်းပညာရှင်အဆင့်ပြိုင်ပွဲဝင်ဆိုရင်တောင်မှ အသက်ရှင်နိုင်ဖို့အာမခံချက်မရှိဘူး"
 
    "ရန်ဟွမ်တက္ကသိုလ်ကိုစွန့်လွှတ်ပြီးရင်လည်း ဒီထူးချွန်တဲ့ကျောင်းသားတွေက တခြားပထမအဆင့်တက္ကသိုလ်တွေမှာ တည်ငြိမ်မြဲမြံစွာနဲ့ အမြင့်ဆုံးသိုင်းတာအိုနယ်နိမိတ်တွေကို အသက်အန္တရာယ်မရှိဘဲ တက်လှမ်းနိုင်တယ်လေ"

   "၅၀% အထက်သေဆုံးနိုင်ချေက အရမ်းများတော့ ကျောင်းသားအများကြီးကိုနောက်ဆုတ်သွားစေဖို့လုံလောက်တယ်"

     ကျောင်းအုပ်ကြီးက ရှပင်ကိုရှင်းပြလိုက်တယ် နှစ်စဥ်နှစ်တိုင်းရန်ဟွမ်ဂြိုလ်မှာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုတဲ့ကျောင်းသားပေါင်း သန်း၂၀၀ လောက်ရှိပြီး ရန်ဟွမ်တက္ကသိုလ်ဝင်ခွင့်ဖြေဆိုဖို့အရည်ချင်းပြည့်မှီသူ ၂သန်းသာရှိပါတယ်

     ဒါပေမယ့်လည်း စမ်းသပ်မှုကိုပါဝင်ချင်တဲ့သူက အယောက်၉၀၀၀၀လောက်ဘဲရှိပါတယ် တိုက်တစ်တိုက်ချင်းစီက ကျောင်းသားအယောက်တစ်သောင်းသာ စမ်းသပ်မှုမှာပါဝင်ဖို့ဆန္ဒရှိပါတယ်
 
    ပါဝင်ရဲတဲ့ကျောင်းသားတွေကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ လက်ရွေးစင်ပါရမီရှင်တွေဘဲဖြစ်ပါတယ် ဒီလိုညဏ်ကြီးရှင်တွေထဲမှာတောင် သေဆုံးနိုင်ချေက ၅၀%အထကျရျှိနပေါတယျ

    ဒီလိုအရေအတွက်က ကျောင်းသားအမြောက်အများကို ကြောက်ပြီးနောက်ဆုတ်သွားစေဖို့လုံလောက်ပါတယ်
   
    "မင်းတို့တွေ စဥ်းစားကြ"
     ကျောင်းအုပ်ကြီးက လေးလေးနက်နက်ပြောလိုက်တယ် "ရန်ဟွမ်တက္ကသိုလ်ကိုမတက်ရင်တောင်မှ တခြားပထမအဆင့်တက္ကသိုလ်တွေကို ရွေးချယ်လို့ရသေးတယ် တချို့တက္ကသိုလ်တွေရဲ့လေ့ကျင့်ရေးကိရိယာတွေက ရန်ဟွမ်တက္ကသိုလ်နဲ့တောင် ယှဥ်လို့ရတယ်"

God level demon(201-ongoing)Where stories live. Discover now