213

448 58 1
                                    

Uni
======
အပိုင်း(၂၁၃) စိုးရိမ်ပူပန်တဲ့အခြေနေမှာယုန်သူငယ်တောင် ပြန်ကိုက်တတ်တယ်

    ရှပင်လုပ်တဲ့ကိစ္စက လနက်မြို့တစ်မြို့လုံးကို ဟယ်ရီကိန်းမုန်တိုင်းလိုတိုက်ခတ်သွားပြီး မြို့ကသိုင်းသမားတိုင်းကဒီကိစ္စကိုသိသွားကြကာ သတင်းကရေဆူသလို ဆူပွက်သွားပါတယ်

    "သတင်းထူးဗျို့ သတင်းထူး ရာဇဝတ်ဂိုဏ်းကြီးသုံးခုက အတိတ်ရန်ကြွေးတွေကိုစွန့်ပစ်ပြီး အဖော်မဲ့သိုင်းလုလင်ကို နှိမ်နှင်းဖို့လက်တွဲလိုက်ကြတယ်တဲ့"

    "မယုံကြည်နိုင်စရာကောင်းတယ် ဒါတစ်ခါမှမရှိခဲ့ဖူးတဲ့ကိစ္စဘဲ ဒီရာဇဝတ်ဂိုဏ်းကြီးတွေက ရေနဲ့မီးလို မတည့်ကျတာကို အခုတော့ဘယ်လိုဖြစ်ပြီးအတူတကွပူးပေါင်းလိုက်ကြတာလဲ"

   "ဘာမှမတတ်နိုင်ဘူးလေ ဒီအဖော်မဲ့သိုင်းလုလင်က နတ်ဆိုးဘုရင်လို အလွန့်အလွန်ရက်စက်တာကိုး ပြောကြတာတော့သူကသွေးလက်ဝါးအဖွဲ့အစည်း ကျားရိုင်းအဖွဲ့အစည်းနဲ့ အဆိပ်မြေခွေးအဖွဲ့အစည်းက လက်ရွေးစင်တွေ ဒါဇင်နဲ့ချီသတ်ပစ်ပြီး ရာဇဝတ်ဂိုဏ်းသုံးခုကို အပြင်းအထန်ဆုံးရှုံးမှုဖြစ်အောင် လုပ်လိုက်တယ်တဲ့"
 
    "သူဝိုင်းခံထိထားတယ်လို့ မင်းတို့မပြောခဲ့ကြဘူးလား အခုဘယ်လိုဒီလောက်လူအများကြီး သတ်နိုင်ရတာလဲ"

    "ငါကြားတာတော့ ဒီအဖော်မဲ့သိုင်းသမားက အရမ်းညဏ်ကောင်းပြီး နေရာဖျောက်တဲ့နည်းလမ်းကလည်း အရမ်းပညာရှိတော့ ဒီရာဇဝတ်ဂိုဏ်းတွေ သူ့တည်နေရာကိုရှာလို့မရဘူးတဲ့ နောက်ဆုံးတော့အဲ့ကောင်က သိုင်းပညာရှင်အဆင့်၃ထက်နိမ့်တဲ့ ပစ်မှတ်လွယ်လွယ်တွေကိုရွေးပြီးနှိမ်နင်းတယ်တဲ့ အဲ့လိုနဲ့ဒီရာဇဝတ်ဂိုဏ်းလက်ရွေးစင်တွေကလည်းသူ့ပြိုင်ဘက်မဟုတ်ဘဲ အကုန်အသတ်ခံလိုက်ရတယ်"

    "အမှန်ဘဲလေ ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် ဒီရာဇဝတ်ဂိုဏ်းကြီးသုံးခုရဲ့ လက်အောက်ငယ်သားတွေအကုန် အသတ်ခံလိုက်ရမှာသေချာတယ် ရာထူးကြီးခေါင်းဆောင်ပိုင်းအချို့ကျန်ခဲ့ရင်ရော ဘာလုပ်လို့ရလဲ လက်အောက်ငယ်သားမရှိတဲ့ခေါင်းဆောင် ဖြစ်နေတော့မှာပေါ့ အဲ့ချိန်ကျရင်အဖွဲ့အစည်းက နာမည်ဘဲကျန်ခဲ့မယ်လေ"

God level demon(201-ongoing)Where stories live. Discover now