372+373+374+375+376

426 51 0
                                    

အပိုင်း(၃၇၂) ရိုက်နှက်ပြန်ပေးဆွဲခြင်း

ရှပင်ဆီကအကြံညဏ်တွေရပြီးနောက်မှာ ဖန်းဟိုက်ထန်တို့အဖွဲ့တွေက ညစ်ပတ်တဲ့နည်းလမ်းပေါင်းစုံသုံးပြီး ကျိုင်းကောင်တွေလို ကျောင်းရဲ့နေရာအနှံ့မှာ လူတှကျေိုသှေးဆောငျသိမျးသှငျးကွပါတယျ တစ်ဖက်လူက ဘယ်လိုပင်ကိုယ်ပါရမီမျိုးဘဲရှိပါစေ ငြိမ်းချမ်းတဲ့ကောင်းကင်ဘုံဂိတ်ထဲကို ဆွဲသွင်းခံလိုက်ရပါတယ်

သဘောမတူတဲ့သူတွေကို သဘောတူသည်အထိ မညှာမတာရိုက်နှက်ပြီး ဆွဲသွင်းကြပါတယ်

အဲ့လိုနဲ့ အချိန်တိုနှစ်ရက်အတွင်းမှာ ငြိမ်းချမ်းတဲ့ကောင်းကင်ဘုံဂိတ်က အဆ၂၀-၃၀လောက် ကျယ်ပြန့်လာပြီး နဂျျိုလူအယောကျ၁၀၀၀ကနေ အယောက်သုံးသောင်းအထိကြီးထွားလာကာ ရန်ဟွမ်တက္ကသိုလ်ရဲ့ အကြီးမားဆုံးသိုင်းတာအိုကလပ်အသင်းအဖြစ်ကိုရောက်ရှိလာပါတယ်

ဒီအသင်းရဲ့ယေဘူယျခွန်အားက ဘယ်လိုဖြစ်ဖြစ် လူအရေအတွက်နဲ့တင် ရန်ဟွမ်တက္ကသိုလ်ရဲ့ကလပ်အသင်းတွေကြားမှာ နံပါတ်တစ်ဖြစ်လာခဲ့ပါတယ်

ရန်ဟွမ်တက္ကသိုလ်မှာ စာသင်နှစ်လေးနှစ်ရှိပြီး စာသင်နှစ်တစ်နှစ်ချင်းစီမှာ ကျောင်းသားအယောက် နှစ်သိန်းရှိတာကြောင့် လက်ရွေးစင်ကျောင်းသားတွေမပါဘဲ ကျောင်းသားစုစုပေါင်း ၈သိန်းဝန်းကျင်ရှိပါတယ်

အဲ့တာကြောင့်လူအယောက်သုံးသောင်းဆိုတဲ့ပမာဏက ကြီးမားတယ်လို့ သေချာပေါက်ယူဆလို့ရပါတယ် ဒီဖြစ်ရပ်က တခြားသိုင်းတာအိုကလပ်အသင်းတွေကို ထိတ်လန့်သွားစေပြီး ဒီငြိမ်းချမ်းတဲ့ကောင်းကင်ဘုံဂိတ်က ဘာကြောင့်ဒီလောက်မြန်မြန်တိုးတက်လာလဲဆိုတာ မသိဘဲ သူတို့တွေမှင်တက်နေကြပါတယ်

သူတို့ရဲ့ဒီဓားသမားအသင်း ဘလိတ်ဓားသမားအသင်းနဲ့ လက်သီးအသင်းတို့လို အသင်းတွေက အခုလိုအင်အားမျိုးဖြစ်လာဖို့အတွက် နှစ်ရာပေါင်းမျာစွာ ဖော်မပြနိုင်တဲ့အခက်အခဲတွေကိုကျော်ဖြတ်ခဲ့ရပါတယ် ဒါပေမဲ့ငြိမ်းချမ်းတဲ့ကောင်းကင်ဘုံဂိတ်က ရက်အနည်းငယ်အတွင်းမှာ သူတို့အသင်းတွေကိုမှီလာတာဟာ အရမ်းအံ့အားသင့်စရာကောင်းလွန်းပါတယ်

God level demon(201-ongoing)Where stories live. Discover now