မိဘုရားခိုးတာ ဘယ်သူလဲ

9.7K 231 4
                                    

Unicode

မိတ်ဆက်
_________

အေးစက်သော နှုတ်ခမ်းများက သူမ၏ ပိန်ပါးသော အမာရွတ်ရှိသော ခြေကျင်းဝတ်ကို ထိနေသည်။

ကြောက်ရွံ့ထိတ်လန့်နေသောသူမ ခန္ဓာကိုယ်သည် သူ့အလိုလို ကျုံ့သွားမိတယ်။

သူမ၏ ပိန်ပါးသော ခြေကျင်းဝတ်ကို ဖွဖွလေး ကိုင်တွယ်ပြီးနောက် နှုတ်ခမ်းများသည် နူးညံ့စွာ နမ်းလာပြန်သည်။

စိုစွတ်သောလျှာကြောင့် သူမ၏အရေပြားတွင်းသို့ စိမ့်ဝင်သွားသည်ကို ခံစား‌ေနရသည်။

"အိုး....!"

သူမ ညည်းညူသံကို မျိုသိပ်ရင်း နှုတ်ခမ်းကို ကိုက်လေလေ သူမ၏ ခြေကျင်းဝတ်ကို တိုက်ခိုက်သည့် အနမ်းများက နှိုးဆွလာလေလေဖြစ်သည်။

သူမရဲ့ ခြေကျင်းဝတ် အာရုံခံစားမှု ထုံကျင်လာသလိုပင်။

ဒါပေမယ့် သူ့နှုတ်ခမ်းတွေရဲ့ အထိအတွေ့က ထူးဆန်းနေသလို ခံစားရတယ်။

သူ့နှုတ်ခမ်းတွေက အေးလွန်းတာကြောင့်လား ဒါမှမဟုတ် ခြေကျင်းဝတ်က ဒဏ်ရာက အရမ်းပူနေလို့လား။

"..."

သူမ၏ ဖြူဖျော့သော အသားအရည်အောက်တွင် ထူးထူးခြားခြား ပူလောင်သော ခံစားမှုတစ်ခု တောက်လောင်နေသည်။

သူမ၏ပေါင်အတွင်းပိုင်းမှ တုန်ယင်နေသော ခံစားမှုတစ်ခု တက်လာပြီး သူမ၏ ရင်ဘတ်အထိ တောက်လျှောက် ပူလာသည်။

သူမရဲ့ ခြေချောင်းတွေက သဘာဝအတိုင်း ကျုံ့သွားတယ်။

ဒဏ်ရာရနေသော သူမ၏ ခြေကျင်းဝတ်ကို တလေးတစား နမ်းပြီးနောက် သူက မျက်လုံးများကို ဖြည်းညှင်းစွာ မော့ကာ သူမကို စိုက်ကြည့်လိုက်တယ်။

Amor ၏ အပြာရောင်ကောင်းကင်တွင် တောက်လောင်နေသော နေရောင်ကဲ့သို့ သူ့မျက်လုံးများ နီရဲလာကာ သူမကို ထောင်ချောက်ဆင်ထားသလိုပင်။

သူမကအမူအရာမဲ့မျက်နှာဖြင့် သူ့ကိုကြည့်လိုက်သည်။ သူမ နှုတ်ခမ်းအတွင်းက အသားတွေကို ကိုက်ပြီး ညည်းညူသံကို မျိုချရင်း သူဖမ်းမမိဖို့ ကြိုးစား နေသည်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now