CH(72)..... Ronasso ၏ဒုက္ခ

221 16 0
                                    


Anna သည် ထိုနေ့တွင်ပင် သူမ၏ ပစ္စည်းများကို ချက်ချင်း ထုပ်ပိုးလိုက်သည်။
Roselyn စာကိုလက်ခံရရှိပြီးနောက် မှာသူမ ငြိမ်သက်စွာမထိုင်‌ေနနိုင်တော့ပေ။
စာလုံး‌ေတွက တိုတိုနဲ့ အမှတ်ရ‌ေစတယ်။

"Henrik Alpatio ကို မင်းရှာတွေ့ဖို့ အရေးကြီးတယ်။" အဲဒါပဲ ။

ဒါပေမယ့် အဲဒီဝါကျတိုလေးမှာ Anna က Roselyn ပြောချင်တဲ့ စကားလုံးအားလုံးကို ဖတ်နိုင်ခဲ့တယ်။

'ရိုစီ ပြန်လာမယ်။'

ဒါပေမယ့် သူမပြန်လာဖို့အတွက် Henrik Alpatio လိုအပ်နေတယ်။
Roselyn ဧကရီဖြစ်လာချိန်မှစ၍ Anna သည် သူမအနားတွင် အမြဲရှိနေခဲ့တာ။
Roselyn ရဲ့ လုပ်ရပ်အားလုံးအတွက် အကြောင်းပြချက်ကတစ်ခုသာ ရှိခဲ့ပါတယ်။
သူမရဲ့သတိထားတတ်တဲ့ သဘာဝကြောင့် သူမဟာ တစ်စုံတစ်ခုကို ဖန်တီးဖို့ ဘယ်တော့မှ ရှေ့မတိုးခဲ့ဘဲ သူမလုပ်လိုက်တဲ့အခါတိုင်းလဲ Roselyn ဟာ လိုချင်တဲ့ရလဒ်ကို အမြဲတမ်း ထွက်ပေါ်လာအောင်လုပ်နိုင်ခဲ့တယ်။

'......... ငါ Rosie ကို ကူညီရမှာပေါ့ ။

Anna က သွားတွေ တင်းတင်းကြိတ်လိုက်တယ်။
Roselyn ထောင်ထဲတွင် ပိတ်လှောင်ခံထားရစဉ် Anna သည် Sunset မိသားစု၏ ကြေကွဲဖွယ်အဆုံးသတ်ကို ကြည့်ရှုခဲ့ရသည်။
Puglish တို့က သူမ (Anna) ကို ဒုက္ခဖြစ်စေမည်ကို စိုးရိမ်သဖြင့် သော့ခတ်ထားသော်လည်း Anna ထွက်ပြေးသွားတာကိုမတားနိုင်ခဲ့ပါဘူး။
သေဆုံးသွားသော Duke နှင့်သူ၏ဇနီးပြီးတော့သူမအကိုကိန်း သူတို့‌ေတွ ငိုကြွေးနေကြတယ်။

....... ကိန်း။
သူ့မျက်လုံး‌ေတွကိုတောင် ကောင်းကောင်းမမှိတ်နိုင်ဘဲ ခေါင်းငိုက်စိုက်ကြသွားရတယ်။
တောက်ပသော အပြာရောင်ဓားတစ်ချောင်းက လည်ချောင်းကို ဖြတ်မချမီ အချိန်အနည်းငယ်မျှသာ ရှိခဲ့ပြီး သူမတို့ မျက်လုံးတွေ ဆုံမိသွားသလို ခံစားလိုက်ရသည်။
သူမ မြင်ကွင်းကို မကြည့်နိုင်ခဲ့တာကြောင့် မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်လို့ မသေချာပါဘူး။
ထိုနေ့၏မြင်ကွင်းသည် သူမ၏ရင်ဘတ်ပေါ်တွင် မြှုပ်ထားသောသင်္ချိုင်းတစ်ခုလို လဲလျောင်းလို့နေတယ်။
အချိန်မရွေး လည်ပင်းလှီးဖြတ်ခံရသော ကိန်း က အသက်ပြန်ရှင်လာပြီး သူမကိုဖမ်းဖက်လိုက်ပုံရသည်။

မိဘုရား ခိုးတာဘယ်သူလဲTahanan ng mga kuwento. Tumuklas ngayon