CH (83)..... မျှော်လင့်မထားသောဧည့်သည်

168 14 0
                                    


"ဘာလို့မလာသေးတာလဲ။ထွက်‌ပြေး သွားပြီလို့တော့ မပြောနဲ့။"

...မဖြစ်နိုင်ပါဘူး။

သီအိုက ရုံးခန်းကို လှည့်ပတ်လျှောက်နေရာမှ အပြင်ကို ပြေးသွားလိုက်တယ်။
သူမသည် ယနေ့နံနက် အစည်းအဝေးမှာ တမင်တကာ အာရုံလွှဲထားပေမဲ့ သူမ၏ အတွေးတွေကိုမရပ်တန်နိုင်ဘဲ Tamon နှင့် ထိုအမျိုးသမီးကိုသာ စဉ်းစားမိနေတယ် ။
သီအိုက နန်းတော်ရဲ့ အုပ်ချုပ်ရေးရုံးထဲကို ၀င်ပြီးဆိုတာနှင့် အထက်အောက်လှန်ပစ်တော့တယ်။

သူမက ပုံသဏ္ဍာန်နှင့် အကျင့်ပျက်ခြစားမှုများအတွက် သိမ်းငှက်တစ်ကောင်ရဲ့ မျက်လုံးတွေလို ဂဏန်းများကို ကောင်းမွန်စွာရေးထားခြင်း ရှိမရှိ သိနိုင်ရန် စစ်ဆေးနေတာက နေမင်းအလင်းရောင်က မှုန်ပြပြရှိချိန်အထိပဲ ။
ဒါဇင်နဲ့ချီတဲ့ အုပ်ချူပ်ရေးအရာရှိတွေက ညည်းညူရင်း အဲဒီကနေ ထွက်လို့လာကြတယ်။
သူ့နောက်တွင် လက်ထောက်များနှင့် ကျွန်များဖြစ်သော Lucy နှင့် Haxen နှင့် အစောင့်တပ်သား သုံးယောက်တို့သည် တယောက်ပြီးတယောက် လိုက်လာခဲ့ကြသည်။

"မင်းက ငါနဲ့လိုက်ခဲ့ ။ Lucy ကလွဲရင် အားလုံးက အပြင်ကို ထွက်ကြ‌ေတာ့"

အဖော်ဖြစ်သူ Lucy Liliana တစ်ဦးတည်းသာ ကျန်တော့သည်။ သီအိုက ပတ်ပတ်လည်ကိုကြည့်ကာ သူ့ကိုယ်သူ စကားပြောနေသလိုမျိုး Lucy ကို မေးသည်။

"သူ မလာရင် ဘယ်လိုလုပ်မလဲ။ Tamonသာ ထွက်ပြေးရင် သူ့ကိုဖမ်းဖို့ ခက်တယ်"

လူစီသည် သီအိုကိုကြည့်ကာ "သူက ယောက်ျားတွေထဲမှာ အထင်ရှားဆုံးသူ မဟုတ်လား။ Tanatos ၏ဧကရီက ထွက်ပြေးမည့်သူမဟုတ်ဘူးဆိုတာ ကောလဟာလ‌ေတွကြောင့်သိနိုင်တယ်။"
Lucy ၏စကားကြောင့် သီအိုသည် သူမ၏ဆံပင်ကို ထိတ်လန့်စွာ ပွတ်သပ်လိုက်သည်။

"ငါလည်း ဒီလိုပဲထင်ပါတယ် ဒါပေမယ့် သူတို့ ဘာလို့ ဒီကိုမလာ‌ေသးတာလဲ!"

"ခေတ္တစောင့်ပါ အရှင်မင်းကြီး။ အလျင်လိုနေတာ ကောင်းတဲ့အကျင့်တော့ မဟုတ်ဘူး။"

Lucy က သူ့ကို ချိုမြိန်တဲ့အရာတည့်ခင်း ပေးခဲ့တယ်။ သီအို၏ ပါးစပ်ထဲချိုမြိန်သောအရာတစ်ခုကို သောက်လိုက်ရတဲ့အခါ သူမကို နှစ်သိမ့်‌ေပးနိုင်တာက အံ့ဩစရာပဲ။ဒီနေ့ သရေစာကတော့ ပဲနီလေးကိတ်မုန့်ကို ပါးပါးလှီးပြီး မွှေးကြိုင်တဲ့ သစ်ကြားသီးနဲ့အပေါ်က အုပ်ထားတဲ့ကိတ်နဲ့တည့်ခင်းလို့ထားတယ်။
သီအိုက တစ်ကျိုက်တည်း သူ့ပါးစပ်ထဲကို‌ထည့်လိုက်တယ်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now