CH (41) သတို့သမီးအော်သံ

933 30 0
                                    


……အရူး

Roselyn  သူမအကြည့်ကို အမြန်လွှဲလိုက်ပြီး ပြတင်းပေါက်ဘက်ကို လှမ်းကြည့်လိုက်သည်။
သူမ မလုပ်ချင်ပေမယ့် သူမမျက်နှာက ပူလာခဲ့တယ်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ သူ့ရဲ့ စွမ်းအားပိုလျှံမှုမှ 'ကူညီ' ခဲ့ချိန်တုံးက သူမသူ့ကို အမှတ်ရမိသွားစေသည်။
အဲဒါကို တွေးလိုက်ရုံနဲ့ သူမ တစ်ကိုယ်လုံး နီရဲလာပြီး ဗိုက်အောက်ပိုင်း ထုံကျင်လို့သွားရတယ်။

"...ဒါက ရှင့်ရဲ့ စွမ်းအားတွေ ထုတ်လို့ရတဲ့ တစ်ခုတည်းသော နည်းလမ်းလား။"

“ဖြစ်နိုင်ပါတယ်။”

သူမသည် Tamon ကို မျက်မှောင်ကုတ်ကြည့်လိုက်သည်။ သူ အမှတ်မဲ့ ပြုံးနေတာကြောင့် တခြားနည်းလမ်းရှိလျှင် သူမကို ပြောပြမှာလဲမဟုတ်ဘူး သူမ တွေးမိတယ် ။
ထပ်ပြီး ဖြတ်ကျော်ရ‌ေတာ့မယ် ထင်ပါရဲ့...

သေလုမြောပါး အထွတ်အထိပ်၊ထပ်ကာ ထပ်ကာ ရောက်လာတဲ့ ပျော်ရွှင်မှု၊ ပြင်းထန်လွန်းတဲ့ ပြင်းပြတဲ့ ခံစားချက်တွေကြောင့် Roselyn ဟာ အကြိမ်ကြိမ် ပြိုလဲသွားခဲ့ရတယ်။
သို့သော် သူမ သူရဲ့အဖော်အဖြစ်နေဖို့ ဆုံးဖြတ်လိုက်တဲ့အခါထဲက အတိုင်းအတာတစ်ခုအထိကို ပြင်ဆင်ခဲ့ပြိးပါပြီ…..

"ပြဿနာရှိလို့လား?"

သူမကို နောက်ပြောင်နေမှန်း သိသာထင်ရှားတဲ့ Tamon က သူမမျက်နှာကိုကြည့်ပြီး ပြန်မေးလိုက်တယ်။ Roselyn က ဘာမှပြန်မပြောဘဲ သူ့ကို စိုက်ကြည့်ကာ ရေခဲရေအနည်းငယ်ကို မျိုချလိုက်သည်။
ဆုံးဖြတ်ချက်တွေချတဲ့အခါမှာလည်း သတိထားခဲ့ပြီး သူမ ဆုံးဖြတ်ချက်ချပြီးတော့လဲ စိတ်ပြောင်းသွားခဲပါတယ်။
ဒါဟာ Roseline ရဲ့ သေးငယ်တဲ့ ယုံကြည်ချက်တွေထဲက တစ်ခုပါပဲ။

“အများကြိးပဲ ”

"ဒါမှန်တယ်မလား ကိုယ်လည်းအဲ့လိုထင်ပါတယ် ။"

စောစောက သူမကို ထူးဆန်းစွာ ပြုံးပြနေသော သူ့မျက်နှာကို သူမ မုန်းတီးနေမိသည်။ ခြေလျင်လျှောက်ရမလားဟု သူမ တွေးနေချိန်တွင် Tamon ၏ပန်းကန်က နောက်တစ်ကြိမ် ထပ်ဖြည့်သွားပြန်သည်။
အရင်ကနဲ့ မတူတာက ပေါ့ပေါ့ပါးပါး ပင်လယ်စာပဲ။ သူမ သူ့ကို စိုက်ကြည့်ရင်း အသားစားတဲ့ကောင်က နောက်ဆုံး သူ့အစားစားတာ ပြီးတော့မှာလားလို့ တွေးနေမိတယ်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now