CH (87)...ငါမင်းကိုယုံလို့ရမလား

275 12 0
                                    


ပန်းခြံထဲမှာ စာအုပ်ဖတ်နေတဲ့ Hannah နဲ့  Rubent တို့ကို အခြေခံဓားပညာလေ့ကျင့်ပေးဖို့ တောင်းဆိုနေတဲ့ Arseneတို့ကို အစေခံတွေ တွေ့သွားပြီး  အပြင်ထွက်ဖို့ ခေါ်သွားကြကာ အဆင်သင့်ပြင်ပေးနေကြတယ်။
အကုန် အဆင်သင့်ပြင်ပြီးတာနဲ့ ကောင်းကင်က လိမ္မော်ရောင်ပြောင်းနေပြီ။ အစေခံများသည် ဝတ်စားဆင်ယင်ရန် ကူညီပေးတာကြောင့် ၎င်းတို့ဘာကြောင့် ဒိလိုတွေလုပ်ပေးနေတာလဲလို့ မေးရန်ပင် သူတို့မှာအချိန်မရှိပေ။

“အို၊ ငါတို့ ဘယ်သွားမလို့လဲဆိုတာ ပြောသင့်တယ်‌ေနာ်။ တာရှာ၊ လူဝီ!"

"ဘာတွေလဲ Arsene မင်းဘယ်သွားမှာလဲဆိုတာ မကြားဘူးလား"

Arsene ဟာ လိမ္မာပါးနပ်စွာ ဆွဲခေါ်သွားခံရပြီး စိတ်ပျက်လက်ပျက် ခေါင်းညိတ်ပြလိုက်သည်။
လှေကားအတက်အဆင်း လုပ်ရမှာကို ကြိုသိထားသလိုမျိုး Hannah သည် Louie ၏လက်ကို သိမ်မွေ့စွာ ဆုပ်ကိုင်ထားလိုက်တယ်။

"Lady Asha က နင်တို့နဲ့ အပြင်ထွက်ချင်တယ်လို့ ပြောခဲ့တယ်‌ေလ၊ ဒါကြောင့် ငါတို့က အမြန်ပြင်ဆင်‌ေပး‌ေနတာ‌ေပါ့။ အိုး..သူမအရင်ရောက်နေပြီ!”

……. ဧကရီ လား?

ဝမ်းသာအားရဖြင့် ပြေးရင်း Arsene ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ရထားဘေးမှာစောင့်နေတဲ့ Roselyn က Arsene အသံကိုကြားတာနဲ့ လှည့်ပြီးပြုံးပြတယ်။

“အပြင်ထွက်လည်တဲ့ပွဲအတွက် ပြင်ဆင်ပေးဖို့ သူတို့ကို တောင်းဆိုခဲ့တယ်၊ ဒါပေမယ့် အခုလို တိုတောင်းတဲ့ အကြောင်းကြားစာနဲ့ စီစဉ်ပေးတဲ့အခါ အခြေအနေကို ကောင်းကောင်းမရှင်းပြနိုင်ခဲ့ဘူးထင်ပါတယ်။ တောင်းပန်ပါတယ် နားလည်ပေးပါနော်"

Arsene က စကားပြန်ဖို့ မေ့သွားပြီး Roselyn ကို မသိဘဲ ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်လို့နေတယ်။
သူမက မျက်နှာတစ်ခြမ်းကို ဖုံးကွယ်ဖုံးကွယ်ထားသည့် အနက်ရောင်ဖဲသားဝတ်စုံကို ၀တ်ဆင်ထားပြီး အပေါ်မှ အနက်ရောင် ရတနာအဆင်တန်ဆာတစ်ခုကိုပင် ၀တ်ဆင်ထားကာ လုံးဝကွဲပြားသောအသွင်အပြင်ကို ရရှိစေသည်။
သူမသည် လျှို့ဝှက်သော စုန်းမတစ်ယောက်လို လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ကို ထုတ်ဖော်လို့နေတယ်။
ကံကောင်းထောက်မစွာ သူမမျက်နှာကိုတော့ ဖုံးအုပ်ထားသည်။

မိဘုရား ခိုးတာဘယ်သူလဲNơi câu chuyện tồn tại. Hãy khám phá bây giờ