Ch(27)

416 29 0
                                    

Roselyn က သူ့စကားကြောင့် အသက်ရှုရပ်သွားမိတယ် ။

"ဘာ?"

"သူတို့သေဆုံးမှုက မင်းအတွက် အကြောင်းပြချက်တစ်ခုအနေနဲ့ ဘာကြောင့်သေရမှာလဲ"

ဆင်ခြေတဲ့လား? ဆင်ခြေတဲ့……………!

Roselyn  သူ့ကို  မီးတောက်နေသော မျက်လုံးများနဲ့ စိုက်ကြည့်လိုက်တယ်။
သို့သော် Tamon ကတော့ သူမ၏တင်းမာသောအကြည့်များရှေ့တွင်ပင် တည်ငြိမ်သောမျက်နှာကို ဆက်ထိန်းသိမ်းထားတယ်။
တကယ်တော့ သူမရဲ့ ဒေါသက သူ့ကို ရယ်မောစေတတ်ပါတယ်။

“ကာကွယ်ဖို့ ပျက်ကွက်တာက အပြစ်တစ်ခုပဲ… ဟုတ်တယ်၊ ဒါလည်းဖြစ်နိုင်တယ် ။ ဒါပေမယ့် မင်းရဲ့ သေ​ခြင်း​က အာ့လူတွေရဲ့သေခြင်းအတွက်ကို​အ​ပြစ်​ပေးတာပါလို့ ဘယ်သူကပြောတာလဲ ”

"ဘာလို့ဆို သူတို့သေသွားလို‌လေ !"

“ဟုတ်တယ်၊ မှန်တယ်။ သေတဲ့လူတွေက စကားမပြောဘူး။ ဒါကြောင့် အပြစ်တရားအတွက် အသေခံမယ်ဆိုတဲ့ အတွေးက နောက်ဆုံးမှာ မင်းရဲ့စိတ်ကူးနဲ့ မင်းရဲ့ခံစားချက်သပ်သပ်ပဲ”

Tamon ၏စကားများက သူမအား ပြင်းပြင်းထန်ထန် ရိုက်နှက်နေတဲ့ တုတ်တစ်ချောင်းလိုဖြစ်လာတယ်။
ခံနိုင်ရည်ရှိအောင် တင်းတင်းကြပ်ကြပ် ဆုပ်ထားခဲ့သော သူမ၏ လက်သီးများက တုန်လှုပ်ခြောက်ခြားသွားတယ်။

“ဒါက သေလွန်သူတွေရဲ့ စတေးခံပေးခဲ့တာတွေ ကို ငါ မသိဟန်ဆောင်ရမယ်လို့ ဆိုလိုတာလား။ ဘာလို့လဲဆို​တော့မင်း သူတို့အသံ​တွေမကြားရ​တော့ဘူးလေ"

Tamon က ပခုံးတွန့်ကာဆက်ပြောပြန်တယ်။

"ဒါဆို သူတို့က မင်းကို သေစေချင်တယ်လို့ မင်းတကယ်ထင်လား"

“သူတို့က သေ‌ေစချင်မှာ မဟုတ်ဘူး…”

"ဟေး!သူတို့က မတရားသဖြင့် သေဆုံးခဲ့ကြရတာ။ ဒီတော့ မင်းက ကိုယ်တိုင် အကြောင်းပြချက်တွေနဲ့ သေချင်တယ်လို့ ပြောနေတာပဲ၊ သူတို့ရဲ့ အတွေးတွေကို မင်းက မလိုအပ်တော့ဘူးလား။ မင်းက
တကယ့်ကိုအသိမဲ့တာပဲ ၊ အဲဒါကိုကော မင်းသိလား"

"ကျမ စိတ်ကို ဆင်ခြေလို့ လာမပြောနဲ့။"

“ဒါဆို ခေါင်းမာတာလား ဒါမှမဟုတ် ရှောင်‌ေပြးတာလို့ပဲ ပြောရမလား”

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now