Chapter (11)

839 52 0
                                    

Tamon က သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး Roselyn ရဲ့လည်ပင်းကို ဆုပ်ကိုင်လိုက်တယ်။
သူမလည်ပင်းက အလွန်ပိန်ပါးလွန်းသဖြင့် လက်တစ်ဖက်ရဲ့ အင်အားအနည်းငယ်ဖြင့်တောင် ကျိုးသွားနိုင်တယ်။အမြဲတမ်း ဖြောင့်ဖြောင့်တန်းတန်း ရှိနေခဲ့တဲ့ လည်တံလေး။
ဒီလည်တံလေူ ကို အင်အားအများကြီးနဲ့ ချိုးနိုင်ရင်တော့ ပိုကျေနပ်စရာပါပဲ။

စွန့်ပစ်ခံရတဲ့ Tanatos ဧကရီကို အသက်ရှင်နေအောင် ထိန်းသိမ်းတာက ရန်သူကို ပိုဒုက္ခပေးမယ့် ရန်သူဖြစ်အောင် လုပ်ဖို့ပါပဲ။ အသွေးအသားတွေ ဆုံးရှုံးပြီးတာတောင် ဓားကို ဖက်ထားရတာ မိုက်မဲတဲ့အရာပါပဲ။
အခု ဒီမိန်းမကို စွန့်ပစ်လိုက်ရင် ဘာ အနှောင့်အယှက်မှ မဖြစ်မှာမဟုတ်တော့ဘူး။
ဒါပေမယ့်လည်း....

ဒါပေမယ့်လည်း............

"...ဘာလို့ မင်းကို အရမ်းမုန်းရတာလဲ"

"မင်းကိုကယ်ဖို့ ငါဘာလို့စိတ်ပျက်နေရတာလဲ"

သူသတ်ချင်နေခဲ့တဲ့ ရန်သူပဲ .........

သူ့မျက်လုံးထဲမှာ အမြဲတမ်း ဆူးတခုဖြစ်ခဲ့တဲ့သူ...။
Tamonက သူဝတ်ထားသည့်အဝတ်အစားအားလုံးကို ချွတ်လိုက်တယ်။
သူ့ ခန္ဓာကိုယ်မှာ ချည်မျှင်တစ်မျှင်စာမျှပင် မကျန်တော့ဘဲ တောက်ပနေသော ဖယောင်းတိုင်ကို လက်ခံရရှိထားသလို အရိပ်အမျိုးမျိုးကို ဖန်တီးလို့နေတယ်။
သူ့ကြွက်သားများ ဖောင်းပွလာပြီး လှုပ်ရှားလိုက်သည်နှင့်အမျှ Roselyn ဝတ်ထားသည့်အဝတ်တွေကလဲ တစ်ဖြေးဖြေး ပျောက်ကွယ်သွားတယ်။

"ဟမ်..."

သူမတစ်ကိုယ်လုံးကို ဖုံးအုပ်ထားတဲ့အ၀တ်အစားတွေ ပျောက်ကွယ်သွားတဲ့အခါ Roselyn ဟာ အအေးဒဏ်ကို ခံစားလိုက်ရပြီး သူမမျက်လုံးတွေကို မပွင့်တပွင့်ဖွင့်လိုက်တယ်။
သူမရဲ့ မှုန်ဝါးနေသော အမြင်အာရုံထဲတွင် ကြီးမားခိုင်ခံ့သော ခန္ဓာကိုယ်က သူမ သိသော ခင်ပွန်းဖြစ်သူရဲ့ ခန္ဓာကိုယ်တော့ မဟုတ်ပေ။

'ဒီလောကကြီးထဲမှာမှ ဘာလို့သူလဲ............."

Tamon က သူ့ကိုယ်သူ ဖြည်းဖြည်းချင်း ငုံ့ကာသူမနဲ့ မျက်လုံးချင်း ဆုံလိုက်တယ်။ သူရဲ့လေးလံသော ခန္ဓာကိုယ်က သူမရဲ့ ပျော့ပျောင်းသော ခန္ဓာကိုယ်နှင့် လုံး၀ ရောယှက်လို့သွားတယ်။
သူတို့ရဲ့ အသားအရည်ကို ပွတ်တိုက်လိုက်မိတိုင်း Roselyn က အံ့ဩ တုန်လှုပ်သွားတယ်။
သူ့အသားအရေက အေးစိမ့်စိမ့်။
အလွန်အေးလွန်းသဖြင့် သူမကို ရေငတ်စေသလိုပင်။
သူမ ရေငတ်လွန်းသဖြင့် သူ့ကို တွယ်ကပ်ချင်လာမိတယ်။
သူမသည် သူ့ခန္ဓာကိုယ်တွင် ယုတ်ညံ့စွာ တွယ်ကပ်ချင်နေပြီး ရေငတ်ပြေစေရန် သူ့နှုတ်ခမ်းများကို နိမ့်ချခိုင်းလိုက်တယ်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now