CH (85).... Aranrosia

120 11 1
                                    


သီအိုရဲ့တောင်းဆိုချက်အရ Lana သည် နန်းတော်တွင် တစ်ရက်နေခဲ့တယ်။
Roselyn  ထိုညက ညီအစ်မတွေ ဘာပြောခဲ့သလဲဆိုတာတော့မသိပေမဲ့ Mach သို့မပြန်မီ နှုတ်ဆက်ရန်လာတဲ့ Lana ၏အမူအရာတို့က ပေါ့ပါးလို့နေခဲ့တယ်။

"မင်း သိပ်မကြာခင် Mach ကို ပြန်မှာလား"

“ဟုတ်တယ်၊ ကျမတို့ပြန်သင့်တယ်။ အဲဒီ့မှာ ကလေးအတွက် လုပ်ထားတဲ့ ပစ္စည်းတွေ အကုန်ရှိတယ်‌ေလ။ ကျမတို့အတူတူဆောက်ထားတဲ့ အိမ်ကလေးမှာ ကလေးကို ကြိုဆိုချင်တယ်"

Lana က တောက်ပပ ပြုံးပြီး ရဲရင့်စွာ ဖြေလိုက်တယ်။
သူမ စိတ်ပျက်ခဲ့ဖူးသော်လည်း ယခုအခါ Amor သည် သူမ၏အိမ်မဟုတ်တော့ပေ။ Lana နှင့် Targen သည် နောက်နေ့တွင် လှည့်မကြည့်ဘဲ ချက်ချင်းရွကးးးသွားခဲ့သည်။
Lana ၏ ပြည့်ဖောင်းနေတဲ့ ဗိုက်ကြောင့် Roselyn ၎င်းတို့ကို ကြာကြာ မထိန်းထားနိုင်တော့ပေ။
မသွားခင် Roselyn က သူတို့ လိုချင်တာ တစ်ခုခုရှိလားလို့ မေးခဲ့တယ်။

Lana သည် ကလေးမွေးဖွားရန် နီးကပ်နေချိန်မှာတောင် သူမဆိက်ိုလာလိုစိတ်ရှိခဲ့တဲ့အတွက် ကျေးဇူးတင်မိပြီး သူတို့ဘဝသစ်အတွက် ဂုဏ်ပြုပေးချင်မိသည်။
Lana နှင့် Targen တို့သည် တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းကြည့် ပြုံးလိုက်ကြကာ သူတို့တောင်းလိုသည့်အရာများရှိကြောင်း ပြောခဲ့သည်။

"မင်း လိုချင်တာ မှန်သမျှ ပြောပါ"

"တကယ်လား တစ်ခုခု‌ေပြာလို့ရလား?"

Lana က ထပ်မေးလိုက်တဲ့အခါ Roselyn က ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်ပြီး Lana က ဘယ်လောက်ကြီးကျယ်ခမ်းနားတဲ့ အရာကိုများ တောင်းမလဲလို့ တွေးမိတယ်။ရယ်မောနေသော Lana သည် သူမ မမျှော်လင့်ထားသော အရာတစ်ခုကို ပြောလိုက်တယ်။

"ဒါဆို မင်းနာမည်ကို ငါတို့ကလေး‌ေလးကို ပေးလို့ရလား"

"ငါ့နာမည်?"

“ဟုတ်တယ်။ Tanatos ဧကရီရဲ့ နာမည်က ငါတို့နဲ့ မတွေ့ရနိုင်တော့တဲ့ ငါ့အချစ်ဆုံးပဲ”

'Roselyn' Lana က ထိုနာမည်ကို သုံးချင်ခဲ့သည်။

"ဒါ​ပေမယ့်​ ​ကောင်​​လေးလည်းဖြစ်​နိုင်​တာပဲ....."

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now