Chapter (13) သူမနောက်မှာ ထားခဲ့သော အရိပ်

895 56 1
                                    


Gillotti ကလဲ ဧကရာဇ်သရဖူနှင့်အတူစွမ်းအားကို မျိုးရ်ိုးဆက်ခံခဲ့တယ်။

**(Gillottiက ဟိုနွား ဘုရင်နော်)**

သို့သော်လည်း ဒီအားကောင်းတဲ့ စွမ်းအား၏ အရွယ်အစားက ၎င်းကို လက်ခံတဲ့အရာ ပေါ် မူတည်၍ ကွဲပြားတယ်။
Gillotti ရဲ့ အစွမ်းက အရမ်းကြီးတာတော့ မဟုတ်ပါဘူး။

သူ့ အစွမ်းမှာ ပလိပ်ရောဂါကို တိတ်တဆိတ် မွေးပြီး ရှည်လျား နာကျင်စွာ သေဆုံးခြင်းကို ဖြစ်စေတယ်။
ပါဝါအသုံးပြုမှုအပေါ် ကန့်သတ်ချက်များလည်း ရှိခဲ့တယ်။
ဒါကို လူများတွင်သာ သူအသုံးပြုခဲ့တယ်။

သူအားစိုက်ထုတ်တိုင်းလည်း ပင်ပန်းနွမ်းနယ်မှုကို ခံစားရတယ်။
မကြာသေးမီနှစ်များအတွင်းမှာ သူကဒီစွမ်းအားကို လေးကြိမ်တိုင်တိုင် အသုံးပြုခဲ့ပြီး အခု ပြင်းထန်စွာ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရတယ်။
ဒီလိုမျိုးဆက်တိုက်သုံးမိတာက ဒါပထမဆုံးအကြိမ်ပဲ။
အံ့သြစရာကောင်းတာက သူအာဏာအစွမ်းနဲ့ ဖယ်ရှားခံရတဲ့ လူတွေအားလုံးဟာ သူ့နိုင်ငံသားတွေ၊ ဒီနိုင်ငံရဲ့ မှူးမတ်တွေဖြစ်တဲ့ Tanatos တွေပဲ။

ဧကရီ၏နောက်သို့လိုက်သော Knight Commander ၊ သူမမိသားစုများထံမှအကူအညီရယူရန်ကြိုးစားသော Sunsetအိမ်တော် ရဲ့ Duchess၊ Noamtia နဲ့ Courtesanတို့က ဧကရီလွတ်မြောက်ရန်လမ်းကိုရှာဖွေပြီးဧကရီကိုကူညီခဲ့ကြတယ်။

သို့သော် သူ့အစွမ်းက ဧကရီအပေါ်တွင် မအောင်မြင်ခဲ့ဘူး။
လက်ထပ်ချိန်တွင် သူလုပ်ဆောင်ခဲ့သော ထုံးတမ်းဓလေ့တွင် Gillotti ရဲ့ အစွမ်းကဧကရီကို မသတ်နိုင်ခဲ့ဘူး။
သူ့စွမ်းအားအပြင် အခြားနည်းလမ်းများကိုလည်း အသုံးပြုရန် သူ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အကြိမ်တိုင်း သူအမြဲရှုံးနိမ့်ခဲ့တယ်။
အကြောင်းရင်းမှာ ဘုရားသခင်နေထိုင်သည်ဟု ယူဆရသည့် သန့်ရှင်းသော အရာငါးပါးအနက်မှ တစ်ခုခုက သူမကို ကာကွယ်ထားတာကြောင့်ဖြစ်နိုင်တယ်။

" မြင့်မြတ်တဲ့ပစ္စည်းကရော ဘယ်လိုလဲ။"

"မတွေ့သေးပါဘူး။ ဟိုးအရင်ကတည်းက ဖယ်ထားလိုက်ပုံရတယ်။ ဘယ်နှစ်ခါရှာရှာ မတွေ့ဘူး"

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now