Chapter (15 )Tamon ရည်ရွယ်ချက်

750 47 0
                                    


Roselyn သတိထားနေသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ သူမ ခန္ဓာကိုယ် စိုစွတ်နေလို့ ဒါ့မဟုတ် အားအင်မရှိတာကြောင့် လဲ လေးလံလို့နေတယ်။

"... ကျမ ဘယ်ရောက်နေတာလဲ"

သူမလည်ချောင်းမှ စူးရှရှ အသံတစ်ခု ထွက်ပေါ်လာတယ်။

"ကိုယ့်ရေချိုးခန်း"

'ရေချိုးခန်း'

ထိုစကားတစ်ခွန်းဖြင့် Roselyn ၏စိတ်ထဲတွင် Amor ၏ထုံးစံကို အလိုလို သတိရသွားတယ်။ ရေပေါများပြီး အပူရှိန်ပြင်းသော နိုင်ငံဖြစ်သဖြင့် လူအားလုံး ရေချိုးခြင်းကို နှစ်သက်ကြတယ်ဆိုတာကိုပေါ့။ Tanatos နှင့် Amor တို့၏ ဂေဟစနစ်က လုံးဝခြားနားပြီး မတူညီသော ယဉ်ကျေးမှုများကို ဖန်တီးခဲ့ကြတယ်။ Tanatos တွင် ရေချိုးခြင်းက ဇိမ်ခံပစ္စည်းတစ်ခုဖြစ်တယ်။

နှင်းများထူထပ်စွာရွာသွန်းမှုကြောင့် ရေပြတ်လပ်မှုမရှိသော်လည်း ရေကိုအပူပေးသည့်စွမ်းအင်များစွာရှိကာ ရေ‌ေနွးပိုက်ဖြင့် ရေဖြည့်ခြင်းက ဇိမ်ခံမှုအရှိဆုံးလုပ်ဆောင်မှုတစ်ခုဖြစ်တယ်။
မင်းမျိုးမင်းနွယ်များ ဒါ့မဟုတ် အဆင့်မြင့်မှူးမတ်များ နှစ်သက်တဲ့ လွန်ကဲသော အပန်းဖြေကစားနည်းတခုလဲဖြစ်တယ်။
Roselyn သူမ  ရေချိုးခန်းတစ်ဝိုက်ကို လှမ်းကြည့်ရင်း အခြေအနေကို ခဏမေ့ထားလိုက်တယ်။

မျှတသော အပူချိန်ရှိတဲ့ရေတို့က Tamon လိုအရွယ်အစားရှိ အမျိုးသား ၁၀ ဦးအတွက်ပင် လုံလောက်အောင် ကြီးမားတဲ့ဒီ ရေချိုးကန်ကြီးအား ပြည့်စေပေမဲ့လဲ ဒီမှာ နေရာများစွာ ရှိနေသေးတယ် ။
အလုံခန်းထဲ ပြည့်နေ တဲ့အမွှေးရနံ့ကခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို လန်းဆန်းသွားစေတယ်။
စောစောက မျက်လုံးဖွင့်ထားရုံနဲ့ အိမ်ကြီးရဲ့အဝင်ဝကို ကြည့်လိုက်တုန်းကထက် ပိုပြီး ထက်မြက်တဲ့ ခံစားချက်က သူမကို ထိုးဖောက်ဝင်ရောက်သွားတယ်။

'ငါက Amor မှာ တကယ်ပဲရှိနေတာလား။'

မရင်းနှီးသော ရာသီဥတု၊ မသိသောနေရာ၊ မရင်းနှီးသော ရှုခင်းတွေ....

Roselyn ရုတ်​တရက်​ သူမ အသိစိတ်​တို့ဝင်​လာခဲ့တယ်။ မဟုတ်ဘူး၊ သူမ ရုတ်တရက် အဖြစ်မှန်ကို သတိရသွားတာလို့ဆိုတာက ပိုမှန်လိမ့်မယ်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now